Main menu

Background

မဒ္ဒရာပရာဒေ့ရှ်မှာ အအေးလှိုင်းဒဏ်ခံရတဲ့ တောင်သူများ ပဲအထွက်စံချိန်တင်မြင့်တက်

Sun, 06/12/2011 - 05:21 -- Anonymous (not verified)

မဒ္ဒရာပရာဒေ့ရှ်မှာ အအေးလှိုင်းဒဏ်ခံရတဲ့ တောင်သူများ ပဲအထွက်စံချိန်တင်မြင့်တက်                   အစောပိုင်းလအနည်းငယ်က အအေးလှိုင်းကျရောက်မှုကြောင့် ပဲမျိုးစုံ အထွက် ဆုံးရှုံးမှုဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒေ့ရှ်မှာ လက်ရှိပဲမျိုးစုံထုတ်လုပ်မှု ဟာ စံချိန်သစ်တင်ဖွယ်ရှိတယ်လို့ အာဏာပိုင်များက အတည်ပြုပြောကြားပါ တယ်။ အစောပိုင်းလများက ပဲစိုက်ဧရိယာအများစုမှာ နှင်းခါးရိုက်မှုကြောင့် ပဲစင်းငုံများ ပျက်စီးဆုံးရှုံးမှုအတွက် ငွေကြေးအထာက်အပံ့ ပေးဖို့ ပြည်နယ် ဝန်ကြီးချုပ် Shivraj Singh chouhan  က တောင်းဆိုခဲ့ပြီး နောက် ယခုလို ပဲအထွက်ပိုမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗဟိုအစိုးရ ဥပဒေမှာ နှင်းခါးရိုက်ခြင်း၊ အအေးပိုခြင်းကြောင့် ပျက်စီးမှုကို သဘာဝဘေးကြောင့် ပျက်စီးတယ်လို့ ယူဆသတ်မှတ်ထားခြင်းမရှိတာကြောင့် ပဲစိုက်ပျိုးသူများကို ငွေကြေးအထောက်အပံ့မပေးခြင်းကို ပြည်နယ်ဝန်ကြီးမှ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးဟာ လအနည်းငယ်အတွင်း ပြန်လည်ပေး ဆပ်ရမယ့် ချေးငွေရူပီး ၂၅ဝဝဝ သန်း (ကန်ဒေါ်လာ ၅၆၁ ဒသမ ၅ သန်း)ကို တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့လည်း ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။              ပြည်နယ်စိုက်ပျိုးရေး ထုတ်လုပ်မှု ကော်မရှင်နာနဲ့ လယ်သမားများ လူမှုဖူလုံ ရေး၊ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုဌာန ဥက္ကဌ ပရာဆူရမ်ကလည်း ၎င်းအချက်များ မှန်ကန်ကြောင်း၊ သီးနံှထုတ်လုပ်မှု တိုးတက်နေပြီး စံချိန်တင်ထွက်ရှိလာနိုင် ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းပြည်နယ်ဟာ ပဲမျိုးစုံထုတ်လုပ်မှု အမြင့်ဆုံးမှာ ရှိနေပြီး ယခုနှစ်မှာ ပဲထုတ်လုပ်မှု တန်ချိန် ၅ သိန်း တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ပဲမျိုးစုံတန်ချိန် ၄၂၇၃ဝဝဝ ထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄၆၄၁ဝဝဝ ထိ တိုးတက်ထွက်ရှိဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ၂ဝဝ၈-ဝ၉ ခုနှစ်အတွင်း ပဲမျိုးစုံတန်ချိန် ၃၇ဝ၉ဝဝဝ ထွက်ရှိခဲ့ပြီး ယခင်နှစ်က ၁၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၄၂၇၃ဝဝဝ ထိထွက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ယင်းပဲများအနက် ပဲစင်းငုံ တန်ချိန် ၃ဝ၈ဝဝဝနဲ့ ကုလားပဲတန်ချိန် ၃၃ဝ၄ဝဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီး၊ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲနီလေးတို့ဟာ မဒ္ဒရာပရာဒေ့ရှ်မှာ အဓိကစိုက်ပျိုးတဲ့ ပဲများဖြစ်ပါတယ်။ ယင်းပြည်နယ်ရဲ့ ပဲစင်းငုံထုတ်လုပ်မှုဟာ တစ်နိုင်ငံလုံးရဲ့ ၉၄ ရာခိုင်နှုန်းရှိပြီး ကုလားပဲကတော့ ၂၈-၃ဝ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။               ယခင်နှစ် နှင်းခါးရိုက်မှုကြောင့် အဓိကပဲစင်းငုံစိုက်ပျိုးတဲ့ ခရိုင်အားလုံးနီးပါး ပျက်စီးခဲ့ရတဲ့အတွက် ပြည်နယ်စိုက်ပျိုးရေး အသုံးစရိတ်ထဲက ရူပီး ၁၃၅၉ဝ (ကန်ဒေါ်လာ ၃ဝ၅ ဒသမ ၂) ကို ပဲစိုက်ပျိုးသူတွေကို ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊ Source: hindubusinessline