Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး(ဓာတ်ဆီ၊ဒီဇယ်ဆီ)

Sun, 06/12/2011 - 05:27 -- Anonymous (not verified)

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခြောက်ထောင်ကျော်တင်သွင်း               ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး၊ စက်သုံးဆီဈေးကွက်အတွက် မေလနောက် ဆုံးပတ်အတွင်း ဓာတ်ဆီပေပါ ငါးထောင့်သုံးရာနီးပါး၊ တန်ချိန်အားဖြင့် ခုနစ်ရာ ကျော်၊ ဒီဇယ်ပေပါ လေးသောင်းတစ်ထောင်ကျော်၊ တန်ချိန်အားဖြင့် ငါးထောင့် ငါးရာနီးပါး စုစုပေါင်းတန်ချိန် ခြောက်ထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်း ကနေ မှာယူတင်သွင်းခဲ့ပါတယ်။ မေတတိယပတ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှု တန်ချိန် စုစုပေါင်းမှာ တန်ချိန်သုံးထောင့်နှစ်ရာကျော် တင်သွင်းခဲ့ပြီး မေနောက်ဆုံးပတ်တင်သွင်းမှုက တန်ချိန် ခြောက်ထောင်ကျော်ရှိခဲ့လို့ မေနောက်ဆုံး တစ် ပတ် တင်သွင်းမှုက ပိုခဲ့ပါတယ်။ မေလရဲ့ ဓာတ်ဆီတင်သွင်းမှုက တန်ချိန် သုံးထောင် ကျော်ရှိခဲ့ပြီး ဒီဇယ်တင်သွင်းမှုက တန်ချိန်တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT) ဒီဇယ်၊ ဓါတ်ဆီ                  ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၆၂ဝ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၆၂၆၈၅ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၈ဝဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၂၃၆၆ဝ ဂါလန်၊ ကော့သောင်းမှ ၁၂၇၇၅ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၂၆၂၅ဝ ဂါလန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ဓာတ်ဆီတင်သွင်း မှု မရှိဘူးလို့ သတင်းရရှိပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး             ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇွန် ၂ဝ၁၁           ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်     မန္တလေး      ရန်ကုန်    မန္တလေး၆           ၄၄ဝဝ        ၄၇ဝဝ        ၃၆ဝဝ     ၃၈ဝဝ၇           ၄၄ဝဝ        ၄၇ဝဝ       ၃၆ဝဝ      ၃၈ဝဝ၈           ၄၄ဝဝ        ၄၅ဝဝ       ၃၅ဝဝ      ၃၈ဝဝ၉           ၄၄ဝဝ        ၄၅ဝဝ       ၃၅ဝဝ      ၃၈ဝဝ၁ဝ         ၄၄ဝဝ       ၄၅ဝဝ        ၃၅ဝဝ     ၃၈ဝဝ          ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဇွန် ၂ဝ၁၁ရက်   အောက်တိန်း    ဓာတ်ဆီ    ဒီဇယ်     အဆင့်မြင့်ဒီဇယ်၆           ၃၉ဝဝ          ၂၅ဝဝ      ၃၉ဝဝ        ၄၁ဝဝ၇           ၃၉ဝဝ          ၂၅ဝဝ      ၃၉ဝဝ        ၄၁ဝဝ၈           ၃၈ဝဝ         ၂၅ဝဝ       ၃၈ဝဝ        ၄၁ဝဝ၉           ၃၈ဝဝ         ၂၅ဝဝ       ၃၈ဝဝ        ၄၁ဝဝ၁ဝ        ၃၈ဝဝ          ၂၅ဝဝ       ၃၈ဝဝ       ၄၁ဝဝMIRT-DOT