လက်ကျန်များခြင်းနဲ့ ပဲပုပ်ဆီဈေးလျော့ကျခြင်းတို့ကြောင့် စားအုန်းဆီကြမ်းဈေးကျဆင်းလာ ပဲပုပ်ဆီဈေးကျဆင်းခြင်းနဲ့ လက်ကျန်သိုလှောင်မှုမြင့်တက်ခြင်းတို့ကြောင့် ပြည်တွင်း ရောင်းချမှုများလာတဲ့အတွက် မလေးရှားကုန်စည်ဒိုင်မှာ ဇွန်လ ၉ ရက်နေ့ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ သြဂုတ်လ အခြေခံစားအုန်းဆီကြမ်းဈေး ဝ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ရင်းဂစ် ၃၂၈၇ (ကန်ဒေါ်လာ ၁ဝ၈၈) ဈေးဖြစ်ခဲ့ပါတယ်။ မေလ ၉ ရက်နေ့မှာ အနိမ့်ဆုံးဖြစ်ခဲ့တဲ့ တစ်တန် ရင်းဂစ် ၃၂၁၃ (ကန်ဒေါ်လာ ၁ဝ၆၄) ဈေးဖြစ်ပြီး နောက်ပိုင်း ယခုအခါ ပြန်လည်လျော့ကျလာတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြည်ပဝယ်လိုအားအနေနဲ့ ယခင်လထက် ၃၃ ရာခိုင်နှုန်းခန့်မြင့်တက်ဖွယ်ရှိတာကြောင့် ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း ဈေးကျဆင်းမှုမှ ပြန်လည်ခိုင်မာ လာဖွယ်ရှိတယ်လို့ ကွာလာလမ်ပူအခြေစိုက် ဟင်းသီးဟင်းရွက်ဆီ တင်ပို့ကုမ္ပဏီမှ ပြောကြားပါတယ်။ ဇွန်လ ၁ ရက်နေ့ကစပြီး မလေးရှားနိုင်ငံမှာ ဇီဝလောင်စာဖြန့်ဖြူးမှု အစီအစဉ် စတင်ခြင်းနဲ့ မြောက်အမေရိကား သီးနံှအထွက်လျော့ကျမယ့် အခြေအနေတွေအရ ကာလတိုအတွင်း ဈေးနှုန်းပြန်လည် ခိုင်မာလာဖွယ်ရှိတယ်လို့လည်း OSK သုတေသနဌာနမှ ပြောကြားပါတယ်။ မလေးရှားစားအုန်းဆီထုတ်လုပ်မှုဟာ ၂ နှစ်ဆက်တိုက် ကျဆင်းပြီးနောက် ၂ဝ၁၁ ခုနှစ်မှာ တန်ချိန် ၁၈ သန်းအထိ မြင့်တက် နိုင်တယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဇူလိုင်ပို့ရမယ့် စားအုန်းဆီတစ်တန် ကန်ဒေါ်လာ ၁၁၈၂ ဒသမ ၅ဝ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ဈေးက တစ်တန်ကန်ဒေါ်လာ ၁၁၃၇ ဒသမ ၅ဝ ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁၁၁၂) နဲ့ ဈေးပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ယုဇန၊ Source: palmoilhq.comc
Background