မုံရွာပဲကြီး ပြည်တွင်းအဝယ်သာရှိလို့ ဈေးအေးနေ မုံရွာကုန်စည်ဒိုင် ဇွန်လ ပထမပတ် ပဲကြီးဈေးကွက်အနေနဲ့ အိတ်စပို့ဝယ်လက် မရှိသေးဘဲ ပြည်တွင်းသုံးနဲ့ ဒေသတွင်းအဝယ် သာရှိလို့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ သိရပါတယ်။ မေလ ဈေးကွက်မှာ တစ်တင်း ကျပ် ၁၅၅ဝဝ ထိ အမြင့်ဆုံးပေါက်ခဲ့ရာက ဇွန်လယခုအပတ်မှ တစ်တင်း ၁၃၈ဝဝ ကျပ်အထိ အနိမ့်ဆုံး ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ကုန်သည်အချိုု့ကတော့ အိတ်စပို့ ဒါမှ မဟုတ် ပြည်တွင်းလုပ်ငန်းရှင်တွေ အဝယ်ရှိရင် အသင့်ရောင်းနိုင်ဖို့ ပိုးထိုးပိုးကိုက်၊ ခဲ၊ အဖျင်း အမှော်တွေကို ပဲရွေးသမားတွေငှားပြီး အကုန် အကျခံ လက်ရွေးသန့်စင်နေကြတာ တွေ့ရပါ တယ်။ ယခုအပတ် မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်မှာ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ကြား နေ့စဉ်အရောင်းအဝယ်ဖြစ်နေပြီး ဝယ်လက်အများစုက ပဲကြော်ဖိုလုပ်ငန်းရှင်တွေဖြစ် တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
Background