ပြည်ပဲကြီးဈေးနှုန်း ဈေးပြန်မြင့်လာ ယခုတစ်ပတ် ပြည်ပဲကြီးဈေးကွက်တွင် ပဲဈေးနှုန်းများ ပြန်မြင့်လာပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်ရှိလို့ ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းမှ ဝင်ရောက်မှုနည်းခဲ့ပြီး မကွေးတိုင်းဒေသ ကြီးဘက်မှ ယခုတစ်ပတ်အတွင်း အိတ် ၇၅ဝ ခန့် ဝင်ရောက်မှုရှိခဲ့ပါတယ်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းများ ပုံမှန်အဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိခဲ့တာကြောင့် တစ်ရက် အိတ် ၃ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ကျပ် ၁၅၅ဝဝ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
Background