Main menu

Background

လက်ကျန်နည်းလာလို့ ပြည်ပဲနီပြား ဈေးမြင့ ်လာ

Sun, 06/12/2011 - 06:41 -- Anonymous (not verified)

လက်ကျန်နည်းလာလို့ ပြည်ပဲနီပြား ဈေးမြင့ ်လာ             ပြည်ဈေးကွက်အတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်သွက်နေတဲ့ ပဲနီပြား သီးနံှများမှာ အဝင်နည်းလာပေမယ့် လက်ကျန် ပဲများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိနေပါတယ်။ မေလ ပထမပတ်အတွင်း ပဲနီပြား တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုမေလ ဒုတိယပတ်တွင် တစ်တင်း ၁၆၅ဝဝ ကျပ်ဖြစ်ခဲ့တဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ပါတယ်။ ပဲနီပြားသီးနံှမှာ တိုင်း ဒေသကြီးအတွင်းမှ ထွက်ရှိမှုနည်းပြီး အခြား တိုင်းသို့ တင်ပို့ရောင်းချခြင်းမရှိသလို အခြား တိုင်းဒေသကြီးများမှလည်း ဝင်ရောက်မှုမရှိတဲ့ အတွက် ဒေသတွင်း ထွက်ရှိခဲ့တဲ့ ပဲများကို ဒေသတွင်း လက်လီသမားများဖြင့်သာ ရောင်း ဝယ်ခဲ့ကြတာကို တွေ့ရပါတယ်။ ယခုမေလ ဒုတိယပတ်အတွင်း တစ်ရက်ကို အိတ် ၄ဝ ခန့်အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း