ဇွန်လ ပထမအပတ်အတွင်း ပရဆေးကုန်ကြမ်းကုန်သွယ်မှု မူဆယ်နယ်စပ်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလ အတွင်း ကွမ်းစားဂမုန်း ၁ဝ တန်ကျော်၊ မိကျောင်းကွမ်း ဖတ်စေ့ ၂၇ တန်ခွဲ၊ နနွင်းတက် တန် ၉ဝ ကျော်၊ နနွင်းခေါင်း ၂၁ တန်၊ မာလာဥ ၆ တန်ခွဲ၊ မာလာဥခေါင်း ၂၂ တန်ခန့်၊ တောဂျင်း ၃ တန်၊ ဒရင်ကောက်မြစ်တန်ဝက်၊ အုံတုံခေါက် ၄၅ တန်ခွဲ၊ ကြောင်ပန်းစေ့ ၄၂ တန်ခွဲ၊ ကြောင်လျာစေ့ ၈တန်ခွဲ၊ တောင်လုံးကျော် ၂ တန်ခန့်၊ ရွေးရွက် ၅၄ တန်ကျော်၊ စကာပန်းပွင့်ခြောက် ၂ တန်ကျော်၊ ဖန်းခါးသီးခြောက် ၆ တန်ခွဲ၊ ပီလောပီနံဥမှုန့် ၁၇ တန်နဲ့ တောဂျူးမြစ် ၂ တန်ကျော် စုစုပေါင်း ၃၆၃ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၆၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် တန်ချိန်အားဖြင့် ၄၄ သန်းတင်ပို့မှုလျော့နည်းခဲ့ပေမဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၉ သန်းဖိုး ပိုမို ရရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်ကထက် နနွင်း တက်၊ နနွင်းခေါင်း၊ မိကျောင်းကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ အုံတုံခေါက်၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့၊ တောင်လုံး ကျော်၊ ရွေးရွက်တို့ ပိုမိုတင်ပို့ခဲ့ပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိတဲ့ ဖန်ခါးသီးခြောက်၊ ပီလောပီနံဥမှုန့်နဲ့ တောဂျုးမြစ် များယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ကွမ်းစားဂမုန်း၊ မာလာ ဥ၊ တောဂျင်း၊ ဒရင်ကောက်မြစ်နဲ့ စကားပန်းပွင့်ခြောက် တင်ပို့မှုမှာမူ ယခင်အပတ်တင်ပို့မှုထက် လျော့နည်းတင်ပို့ခဲ့ပါ တယ်။ တမူးနယ်စပ်မှ ဇီယာ၊ မင်သော်၊ ရှိန်းခို၊ ဇာတိပ္ဖိုလ်သီးနဲ့ တောင်လုံးကျော် ၁၇ ဒသမ ၆၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၅၃ သန်းဖိုး တင်သွင်းမှုရှိခဲ့ပြီး ယခင် အပတ်က တောင်လုံးကျော် ၄ တန်ခွဲသာ တင်သွင်းမှုရှိခဲ့တဲ့ အတွက် ယခုအပတ် ပရဆေးကုန်ကြမ်း အမယ်စုံ တင်သွင်းမှု ရှိခဲ့ပါတယ်။ MIRT (DOBT)
Background