နယ်စပ်မှ အေးခဲအမဲသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ ဝ ဒသမ ၂၇၄ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၉၄ တန်ကျော်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၄ဝ သန်းတန်ဖိုးရှိ အရိုးမပါ အမဲ/ကွဲျသား ၅၆ တန်၊ ကန် ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းတန်ဖိုးရှိ ဆားစိမ်အစာရေမျိုနဲ့ ဝမ်းတွင်းသား ၁၆၁ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၇ သန်း တန်ဖိုးရှိ ကွဲျနွားသားရေ တန် ၃ဝ တန်ပို့မှုရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က မူဆယ်နယ်စပ်မှ အေးခဲအမဲသား တန် ၁ဝဝ ကျော်တင်ပို့မှုရှိခဲ့တဲ့အတွက် ယခုအပတ်မှာ ၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ MIRT(DOBT)
Background