Main menu

Background

ယခုလတွင် အိန္ဒိယရော်ဘာဈေးနှုန်းအနည်းငယ်တက်နိုင်

Sun, 06/12/2011 - 07:29 -- Anonymous (not verified)

ယခုလတွင် အိန္ဒိယရော်ဘာဈေးနှုန်းအနည်းငယ်တက်နိုင်                  အိန္ဒိယနိုင်ငံရဲ့ အဓိကရော်ဘာစိုက်ပျိုးတဲ့ဒေသဖြစ်တဲ့ ကာရာလာမှာ မုတ်သုံဝင်စဖြစ်တာမို့ ထုတ်လုပ်မှုကျဆင်းနိုင်တာကြောင့် ပြည်တွင်းဈေးကွက်မှာ ယခုလအတွင်း တစ်ကီလိုကို ၁ဝ ရူပီး လောက်ဈေးတက်ဖွယ်ရှိကြောင်း သိရပါတယ်။ ယခု လက်ရှိမှာ တစ်ကီလိုကို ၂၂၆ ရူပီးရှိတာကြောင့် ဈေးတက်ရင် ၂၃၅ ရူပီးလောက်ရှိနိုင်တယ်လိုက ကုန်သည်များကပြောပါတယ်။ မုတ်သုံဝင်ရင် ရော်ဘာအစေးထုတ်တာကို ရပ်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဇွန်လမှာ တစ်ကီလိုကို ရူပီး ၂၃၅ လောက်ရှိနိုင်ကြောင်း အိန္ဒိယရော်ဘာ ကုန်သည်အသင်း(IRDF) ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ မုတ်သုံရာသီအတွင်းမှာ လည်း ရော်ဘာအစေး ထုတ်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး တောင်သူများကလည်း ရောင်းချမှုကို ဆိုင်းထားပြီး တက်ဈေးကိုစောင့်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဈေးနှုန်းနိမ့်နေပြီး သွင်းကုန်တိုးတက်တင်သွင်းကာ သွင်းကုန် ခွန်ကလည်း ၂ဝ ရာခိုင်နှုန်း ကောက်ခံရာကနေ လျော့ချကောက်ခံမယ်ဆိုရင် ဝယ်လိုအားတက်ပေမယ့်လည်း ဈေးနှုန်းတက်ဖို့ မဖြစ်ကြောင်း(IRDF)  ရဲ့ ဥက္ကဌကပြောကြားပါတယ်။ ဘန်ကောက်ရဲ့ ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာဈေးနှုန်း တစ်ကီလိုကို ၂၃၅ ရူပီးရှိနေပြီး ကမ္ဘာ့ရော်ဘာဈေးကွက်ကလဲ မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရဲ့ ရောင်းလိုအား အကန့်အသတ် ရှိနေတာ ကြောင့် ခိုင်မာနေသေးကြောင်း သိရပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ဝယ်လိုအားကျဆင်းသွားတာကြောင့် ဈေးဆက် တက်မှာ တော့ မဖြစ်နိုင်သေးကြောင်းနဲ့ အမေရိကန်ရဲ့ ထုတ်လုပ်မှုကဏ္ဍလည်း ကျဆင်းနေကြောင်း သုတေသီများက ပြောကြား လျက် ရှိပါတယ်။ ှSource: PTI, KZW