Main menu

Background

ဂျပန်သို့ တူနာငါးတင်ပို့မှုမြင့်တက်

Sun, 06/12/2011 - 07:45 -- Anonymous (not verified)

ဂျပန်သို့ တူနာငါးတင်ပို့မှုမြင့်တက်                 ယခုနှစ်မေလအထိ ဗီယက်နမ်မှ ဂျပန်ကို တူနာငါးတင် ပို့မှုက တန်ချိန် ၄၃၄ ကိုရောက်ရှိခဲ့ပြီး ကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာမှာ တင်ပို့မှု ပမာဏ ၂၆၄ ဒသမ ၅ ရာခိုင်နှုန်းတက်သွား ခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာထုတ်လုပ်တင်ပို့သူများအသင်း (Vietnam Association of Seafood Exporters and Produces (VASEP) မှပြောကြားလိုက်ပါတယ်။ ပို့ကုန်ဈေးနှုန်းက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တစ်ကီလိုဂရမ်ကို ၆ ဒသမ ၉၈ ဒေါ်လာကို ရောက်ရှိခဲ့တယ်။ တူနာငါးတင်ပို့ရာမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းကို ကုန်ကြမ်းအတိုင်းတင်ပို့ပြီး ၁ဝ ဒသမ ၅ ရာခိုင်နှုန်းကို ပြုပြင်ပြီး ထုတ်လုပ်တင်ပို့လျက်ရှိတယ်။ ဂျပန်က ဗီယက်နမ်ရဲ့ တူနာငါးအဓိကတင်ပို့တဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဒုတိယအများဆုံးတင်ပို့လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:english.vovnews.vn