Main menu

Background

၂ဝ၂ဝ ခုနှစ်တွင် ပင်လယ်စာတင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိရန် ဗီယက်နမ် မျှော်မှန်း

Sun, 06/12/2011 - 07:58 -- Anonymous (not verified)

၂ဝ၂ဝ ခုနှစ်တွင် ပင်လယ်စာတင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိရန် ဗီယက်နမ် မျှော်မှန်း               လာမဲ့ ၁ဝ နှစ်အတွင်းမှာ ဗီယက်နမ်ပင်လယ်စာ တင်ပို့မှုမှ ကန်ဒေါ်လာ ၈ ဘီလီယံရရှိဖို့ ရည်မှန်းထားကြောင်း ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development (MARD) မှ ပြောကြားလိုက်ပါတယ်။ပင်လယ်စာ တင်ပို့မှုအတွက် အဓိကရင်ဆိုင်နေရတဲ့ စိန် ခေါ်မှုတွေမှာ ပြုပြင်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်း ရရှိရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးနဲ့ ပင်လယ်စာထွက်ကုန်တွေရဲ့ အရည်အသွေးထိန်းချုပ်ရေးတို့ဖြစ်ကြောင်းMARD မှ ဒုတိယ ဝန်ကြီး Vu Van Tam မှပြောကြားလိုက်ပါတယ်။ ၂ဝ၂ဝ ခုနှစ်အတွင်း ဗီယက်နမ်ပင်လယ်စာကဏ္ဍ အတွက် အဆင့်မြင့်နည်းပညာရရှိရေးနဲ့ ပြည်တွင်းနဲ့ အပြည် ပြည်ဆိုင်ရာ ဈေးကွက်မှာ ကုန်အမှတ်တံဆိပ်ကို အသိအမှတ် ပြုရေးတို့ကို အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ အီးယူ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု က ဗီယက်နမ်ရဲ့ အဓိကပို့ကုန်ဈေးကွက် အဖြစ်ဆက်လက်ရပ် တည် နေဦးမှာဖြစ်ပြီး ပို့ကုန်ဝင်ငွေရဲ့ ၆ဝ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းရှိပါတယ်။ အရှေ့ဥရောပနိုင်ငံများ၊ အာဆီယံ၊ တောင်ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကစတဲ့ အဓိက ဈေးကွက်တွေအပြင် ဗီယက်နမ်က တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျ တို့ကိုပါ ဈေးကွက် ခဲျ့ထွင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။  အေးမွန်မွန်လှိုင်၊Source:english.vovnews.vn