ကျောင်းဖွင့်ကာလ ကျော်လွန်၍ ကားအရောင်းအဝယ် အနည်းငယ်ပြန်အေးသွား ကျောင်းဖွင့်ရာသီဖြစ်သော ဇွန်လ၏ ဒုတိယရက်သတ္တပတ်အတွင်း အခြေ အနေမှာ ကားအရောင်းအဝယ်များ ကျောင်းမဖွင့်မီကာလ ဧပြီ၊ မေလအတွင်း အခြေအနေလောက် အရောင်းအဝယ် ထင်သလောက်မဖြစ်တော့ဘဲ ဈေးအေး ဈေးတန်းသွားကြောင်း သိရသည်။ ရန်ကုန်မြို့တွင်းရှိ အပေါ်ဝိုင်း၊ အောက်ဝိုင်းနှင့် အခြားဝိုင်းများတွင် နေ့လယ် နေ့ခင်းပိုင်း လူသူကင်းရှင်းကာ ညနေပိုင်းများတွင်သာ လူအသင့်အတင့် စည်ကားနေကြောင်း သိရသည်။ အပေါ်ဝိုင်းတွင် အထူးသဖြင့် အပေါ်ကားများ စတည်း ချလေ့ရှိသည့် ထုံးစံအတိုင်း အဖွဲ့အစည်းသွင်း သိန်း ၁ဝဝဝ ဝန်းကျင်ကားများ အထိုးများနေပြီး ဈေးတန်းမှာ ယခင်လများကကဲ့သို့ ကျပ်သိန်း ၁ဝဝဝ ဝန်းကျင် အဝယ်မရှိတော့ဘဲ သိန်း ၁ဝဝဝ နှင့် ၎င်းအောက်ထိ ပြန်ဆင်းခေါ်နေကြောင်း သိရသည်။ ကျောင်းဖွင့်ရာသီအမီ ဈေးတန်းမြောက်ခဲ့သော မြန်မာစမော်ဆလွန်း များလည်း အဝယ်ပြန်အေးကာ ဈေးတန်းပြန်ငြိမ်သွားကြောင်း သိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ် ပြန်အေး ပြန်တန်းသွားသော်လည်း ယခု ရက်ပိုင်းအတွင်း ဌာနဆိုင်ရာမှ စက်မှုဇုန်ယာဉ်များ အာတီအေ ကန့်သတ်ချက် တစ်ရပ်ကြောင့် ကားပွဲစားဝိုင်းများရှိ လိုင်စင်ဝင်ဆဲ စက်မှုဇုန်ထုတ်တောင်းအေ့(စ်) များ၊ ပုဇင်းခေါင်းပစ်ကပ်များ အနည်းငယ်အဝယ်ရပ်တန့်သွားသဖြင့် လိုင်စင်ဝင်ပြီး ဝက်ဂွန်များ၊ ပစ်ကပ်များ ပြန်လည်ဈေးမော့လာနိုင်သည်ဟု သုံးသပ်ကြသလို ဈေးတန်းသွားမည်ကို စိုးရိမ်သဖြင့် ယခုကာလ ဈေးတန်းထက်ပင် အနည်းငယ်ဆင်းပေးပြီး ရောင်းချမှုများရှိလာကြောင်း အပေါ်ဝိုင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှပြောသည်။ ယခုရက်ပိုင်းအတွင်းအောက် ကားလေးများဝယ်ယူပြီး တက္ကစီအငှားယာဉ် ပြောင်းလဲစီးပွားရေးလုပ်ကိုင်မည့် လုပ်ငန်းသမားများလည်း အထက်ပါ အာတီအေ သတင်းနှင့်ဆက်နွှယ်၍ ပေါ်ပေါက်လာသည့် အကြားသတင်းများကြောင့် အောက် ကားဈေးကွက်လည်း အေးသွားကြောင်း သိရသည်။ SN
Background