မန်းမှာ အဆောက်အအုံနဲ့ အိမ်ခြံဝန်းများတွင် မြေယာရူခင်းအလှဆင်မှု ပြုလုပ်မှုများပြား ယခုနှစ်ပိုင်းတွင် အဆောက်အအုံ နှင့် အိမ်ခြံဝန်းများ၌ အလှပန်းပင်များ အရိပ်ရပင်များဖြင့် မြေယာရှုခင်း အလှ ဆင်ပြုလုပ်မှု များပြားလာကြောင်း သိရပါတယ်။ မြေယာရှုခင်း အလှဆင်ရာတွင် တရုတ်နိုင်ငံကဝင်တဲ့ အလှပန်းပင်များ ဖြင့် အလှဆင်ခြင်း၊ မြက်ခင်းအလှဆင် ခြင်း၊ ရေတံခွန်များပြုလုပ်၍ အလှဆင်ခြင်းတို့ကို ဟိုတယ်များ၊ အဆောက် အအုံများ မျက်နှာစာနဲ့ အတွင်းမှာ အလှဆင်လာမှု ပြုလုပ်လာကြပါတယ်။ မန္တလေး ပန်းပင်အရောင်းဆိုင် များမှ မန္တလေးမြို့ပေါ်ရှိ အဆောက် အအုံများသာမက နေပြည်တော်၊ ပုဂံ၊ ပုပ္ပါး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မြင်းခြံမြို့များသို့ သွားရောက် အလှဆင်ရ ကြောင်း သိရပါတယ်။ ၈ မိုင်သစ်ခွခြံမှ ကိုအားပုက '' ဒီ နှစ်ပိုင်းမှာ အိမ်ဆောက်လိုက်တိုင်း အပင်ထည့်လာကြတယ်။ ယိုးဒယား၊ တရုတ်ကဝင်တဲ့ ပန်းကို Land Scape လုပ်ကြတယ်။ ရေတံခွန်မှာဆို အလှပန်းပင်တွေထည့်၊ သဘာဝကျောက်တုံး လေးတွေ၊ အင်ကြင်းကျောက်တွေ ထည့်ကြတယ်။ ပန်းအများကြီးမဝယ်နိုင် တဲ့သူကလည်း ကိုယ့်အိမ်ထဲ ဖုန်မထ အောင် ကလေးတွေရှိတဲ့ သူကလည်း ကစားလို့ရအောင် မြက်ခင်းစိုက်ကြတယ်။ လတ်တလောမှာ Land Scape ကို ယိုးဒယား၊ စင်ကာပူကလာတဲ့ စာအုပ်ပေါ်က ဒီဇိုင်းပေါ်မူတည်ပြီး စိုက်ကြတယ်။ ဟော်လန်က မြေယာ ရှုခင်း ဒီဇိုင်းလှပေမယ့် လက်လှမ်းမမီ ဘူး။ အပင်လှတာလေးတွေကို ဝယ်ပြီး ဒီမှာပြန်ပျိုးထားပြီးမှ အလှဆင်ဖို့ရောင်း ရတယ်။ ဒီနှစ်ထဲမှာဆို ဖောက်စတေး၊ ထပ်တရာပန်း၊ ယိုးဒယားသနပ်ခါးပန်း၊ တရုတ်စကားအပွင့်ရောင်စုံကို ဟိုတယ် တွေမှာတအားစိုက်ကြတယ်။ ကျူးဘား၊ ခရေ၊ ကံ့ကော်၊ စွယ်တော်၊ ပန်းတမာ၊ ပန်းအိ၊ နွယ်သာကီ၊ ရွှေတမာ၊ ကိုရန် ဝါပင်တွေကို ကြိုက်ကြတယ်။ မန္တလေး အနီးက မြို့တွေကလည်း ခုနှစ်ပိုင်းမှာ အရိပ်ရပင်ဖြစ်တဲ့ ခရေ၊ တယ်ပင်တွေ ကိုလာဝယ်ကြတယ်။ မန္တလေးမှာ တယ် ပင်တွေရှားသွားလို့ ပြန်ပျိုးရတယ်''လို့ ပြောပါတယ်။ ဇူးဇူး
Background
