Main menu

Background

ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် သီးခြားမဆောင်လိုပါက မန္တလေး မြို့တွင်းယာဉ်လိုင်းများတွင် အသင်းဝင်၍ ဆောင်ရွက်နိုင်

Sun, 06/12/2011 - 08:44 -- Anonymous (not verified)

ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် သီးခြားမဆောင်လိုပါက မန္တလေး မြို့တွင်းယာဉ်လိုင်းများတွင် အသင်းဝင်၍ ဆောင်ရွက်နိုင်               ရတနာပုံတက္ကသိုလ် (မန္တလေး)ကိုပြေးဆွဲနေသည့် နံပါတ်အနက် ဖယ်ရီလိုက်ထရပ်ကားများကို ပဋိညာဉ်အရ ပို့ဆောင်ခွင့် လုပ်ငန်းလိုင်စင် (ဃလိုင်စင်) ပြုလုပ်ရန် မေ ၂၅ ရက်က ကားပိုင်ရှင်များအား အသိပေးအကြောင်းကြားထားကြောင်း သိရ ပါတယ်။ ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် (ဃ လိုင်စင်) ပြုလုပ်ရန်ထုတ်ပြန်ပြီးနောက် မန္တလေးတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှာ ဇွန် ၆ ရက်ထိ လိုင်စင်ပြုလုပ်ယာဉ် ၃၂ စီး ပြုလုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။             ပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင် (ဃ လိုင်စင်)ကို တစ်ဦးတည်း သီးခြားအခွန်ဆောင်ခြင်းထက် မြို့တွင်းယာဉ်လိုင်းများတွင် လည်း အသင်းဝင်၍ဆောင်ရွက်ပါက မိသားစု ကျန်းမာရေး၊ ပညာရေး၊ သွားလာမှု အဆင်ပြေချောမွေ့စေရေးကို အသင်းမှ ကူညီဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခွန်ပေးဆောင်ရာတွင် အသင်းမှကြီးကြပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခြင်္သေ့လိုင်းမှ ဦးတိုးက ပြောကြားပါတယ်။              ''လုပ်ငန်းလိုင်စင်လုပ်ဖို့ ထုတ်ပြန်ပြီးနောက်မှာ အသင်းဝင်လို့ရမလားဆိုပြီး လာမေးကြတယ်။ ကျွန်တော်တို့အသင်း ဝင်မယ်ဆို အခကြေးငွေမပေးရပါဘူး။ နေ့စဉ်ပြေးဆွဲမယ့် ဂိတ်ကြေးဘဲ ပေးသွင်းရပါတယ်။ အသင်းကခွဲတမ်းရရှိတဲ့ စက်သုံးဆီ ကို ကားစီးရေအလိုက် ပြန်ပေးတယ်။ အသင်းဝင်ထားတော့ တစ်ဦးတစ်ယောက်ထဲ ရပ်တည်စရာမလိုဘဲ အသင်းကဆောင် ရွက် သွားလို့ရတယ်'' လို့ ဦးတိုးက ပြောပါတယ်။              ယာဉ်လိုင်းအသင်းသို့ဝင်ပါက ပြေးဆွဲလိုတဲ့အပေါ်မူတည်၍ လမ်းကြောင်းဆွဲပေးမယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင် တက္ကသိုလ်ကျောင်းမျာသို့ ပြေးဆွဲနေသည့် လိုက်ထရပ်ဖယ်ရီကားပေါင်း ၅ဝဝ ကျော်ရှိပြီး ရတနာပုံတက္ကသိုလ်သို့ ပြေးဆွဲပေး သည့် လိုက်ထရပ်ကားပေါင်း ၃ဝဝ ကျော်ရှိကြောင်း သိရပါတယ်။ ဇူးဇူး