ပစ္စည်းပြတ်လုနီး၍ နိုက်ဂျီးရီးယား ချင်းခြောက်ဈေးမြင့်မားနေ နိုက်ဂျီးရီးယားမှာ ချင်းခြောက်လက်ကျန်လျော့နည်းသွားရာ မကြာခင်ရက်တွေ အတွင်းမှစပြီး ဈေးနှုန်းမြင့်မားခဲ့တယ်လို့ သိရတယ်။ နိုက်ဂျီးရီးယားချင်းခြောက် (ခွဲခြမ်းထားပြီးသော) af la toxin (အဖလာတော့ စင်မှိုဆိပ်)မှာ အီးယူရဲ့ သတ်မှတ်ပမာဏအတွင်းသာရှိရာ ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၄၆ဝဝ (C & F Price) ဖြစ်ကြောင်း သိရပါတယ်။ နိုက်ဂျီးရီးယားက ချင်းခြောက်ထွက်ရှိမှုရဲ့ ၉ဝ ရာခိုင်နှုန်းကို ပြည်ပကိုတင်ပို့ပြီးဖြစ်ရာ လက်ကျန်ပမာဏ အလွန်နည်းနေကြောင်း သိရပါတယ်။ Source:agra.net.com ပပ
Background