မလေးရှားကို အများဆုံးတင်ပို့ မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၇ဝ ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူကို ၁၂ တန်နဲ့ မလေးရှားကို ၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက ၉၇ တန်နီးပါးရှိခဲ့ပြီး ယခု သီတင်းပတ်တန် ၇ဝ သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်တန် ၂ဝ လောက်တင်ပို့ မှုလျော့နည်းခဲ့ပါတယ်။ လခုျပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလ နနွင်းတင်ပို့မှုက ၁၆၆ တန်ရှိခဲ့ပြီး မေလမှာ ၂၂၇ တန်နီးပါးရှိခဲ့လို့ မေလမှာ နနွင်းတန် ၆ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ကျော်ရရှိခဲ့လို့ ဒီတစ်ပတ်ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
Background