Main menu

Background

ဝယ်လိုအားနည်းတဲ့ ရှမ်းနနွင်း

Sun, 06/12/2011 - 09:02 -- Anonymous (not verified)

ဝယ်လိုအားနည်းတဲ့ ရှမ်းနနွင်း              ရှမ်းပြည်နယ်ရဲ့ အကောင်းဆုံးနနွင်းတွေဖြစ်တဲ့ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းကလည်း လက်ကျန်တွေ ကျန်နေပါတယ်။ ဟိုပုံးမှာလည်း နနွင်းလက်ကျန်က ပိဿာချိန် သောင်းဂဏန်းခန့်ရှိနေသေးတယ်လို့ သိရပါတယ်။ နှစ်စမှာ ဈေးကောင်းရပေမဲ့ ဝယ်လိုအားကနည်းပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူပေမဲ့ ချင်းလိုတော့ အရောင်းမသွက်ပါဘူး။ ဟိုပုံးဈေးကွက်မှာ နနွင်းက တစ်ပိဿာ ၁၂ဝဝ ကျပ်သာရှိပါတယ်။ ပင်လောင်းနနွင်း တွေကတော့ ပြီးခဲ့တဲ့လတွေမှာ အောင်ပန်းဈေးကွက်ကို မလာတော့ဘဲ လိန်းလီကတစ်ဆင့် အောက်ဖက်ကို ဆင်းပေမဲ့ အခုလတွေမှာတော့ စီးဆင်းမှုနည်းသွားပြီလို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာ ပင်လောင်းနနွင်းစ ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်မှ ၉ဝဝ ကျပ်သာရှိပါတော့တယ်။ ပင်းတယနနွင်းက တစ်ပိဿာ ၁၅ဝဝ ကျပ်ရှိပြီး ဆင်တောင်နနွင်းကတော့ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ နမ့်စန်မှာလည်း နနွင်း လက်ကျန်တွေ အတော်ရှိနေပြီး တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဒီတစ်ပတ် နနွင်းခြောက်ဈေးက တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်