မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၅ဝဝဝဝ ၅၁၈ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၄ဝ ၈၄ဝ၃ ပြည် ၁ ပိဿာ ၈၄ဝ ၈၂၅၄ ဟင်္သာတ ၁ ပိဿာ ၈ဝ၅ ၈ဝဝ၅ မန္တလေး ၁ ပိဿာ ၈၁၇ ၈၃၃မတ်ပဲဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC) ကို အိတ်စပို့ဝယ်လက် တွေက ဈေးကွက်စဖွင့်တဲ့ရက်မှာ တစ်တန်ကို ၅၅၇ဝဝဝကျပ်နဲ့ ဈေး ပေးအဝယ်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန် ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးကျလာမှုအပေါ် ဈေးလျော့ အဝယ်ရှိလာတာကြောင့် ၇-၆-၂ဝ၁၁ နေ့မှာ ၅၄ဝဝဝဝ ကျပ်သို့ဈေး ကျခဲ့ပြီး ၈-၆-၂ဝ၁၁ နေ့မှာ ၅၂၉ဝဝဝ ကျပ်သို့ ထပ်မံဈေးကျခဲ့ကာ ၁ဝ-၆-၂ဝ၁၁ နေ့မှာတော့ ၅၁၈ဝဝဝ ကျပ်ဈေးသာ ရှိတော့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တစ်ပတ်အတွင်းတန် ၂၅ဝဝ ခန့် အေ ရာင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ မြို့ခံပဲခွဲစက်သမားတွေက ပဲခွဲခြမ်းပြုလုပ်ရန် ဝယ်အား ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာ ပြီး တစ်ပိဿာကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁ဝ၁၂ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၃ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ။် မံုံရွာဈေးကွက်မှာ ပဲခွဲစက်သမားတွေ တစ်ပိဿာကို ၈၄ဝ ကျပ်(တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၅ဝ ခန့် ဝယ်အားပုံမှန်ရှိပြီး ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲကို ရန်ကုန် ဝယ်လက်က ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC) ရောင်း ဈေးအတက်အကျပေါ် မူတည်ပြီး ချိန်ဆဝယ်ယူနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၂ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
