ပဲစင်းငုံနီ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ       ယခင်        ယခု           ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ တန်       ၄၅ဝဝဝဝ  ၄ဝ၅ဝဝဝ၂ မန္တလေး               ၁ ပိဿာ        ၆၅ဝ        ၆၁၇၃ မုံရွာ                    ၁ ပိဿာ         ၆၇၅       ၆ဝဝ၄ ပြည်                    ၁ ပိဿာ         ၆၇၅       ၆ဝဝ၅ ပခုက္ကူ                 ၁ ပိဿာ         ၆၈ဝ        ၆၁ဝ၆ မြင်းခြံ                 ၁ ပိဿာ          ၆၅ဝ        ၆၁ဝ၇ အောင်လံ            ၁ ပိဿာ           ၆၇၅         ၆၁ဝ၈ မကွေး                ၁ ပိဿာ            ၆၅၅        ၆၄ဝပဲစင်းငုံနီ အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း                 ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC)ကို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၄ဝ၅ဝဝဝ ကျပ်နဲ့ တန် ၂၃ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၁၇ ကျပ်(တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် ဝယ်အားပုံမှန်ရှိခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက်ဆို ပါတယ။် မံုံရွာဈေးကွက်မှာ ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆ဝဝ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲစင်း ငုံနီဈေးက တစ်ရိပ်ရိပ်ကျဆင်းနေတယ်လို့ ဆိုပါတယ်။ ဈေးက ကျနေတာကြောင့် အရောင်းအဝယ်က နေ့တိုင်းမဖြစ်ဘဲ တချို့လှောင်လက်သမားတွေ ကသာ ငွေပေါ်လိုလို့ ထုတ်ရောင်းမှုရှိလို့သာ တစ်ပိဿာ ၆ဝဝ ကျပ် (တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈးကွကွက်မ် ှာ ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ နေ့စဉ် အိတ် ၅ဝ မှ ၁ဝဝ ကြားသာအဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အခုရက်ပိုင်း ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေး ကလည်း ကျနေတာကြောင့် အိတ်စပို့ဝယ်လက်တွေ အဝယ်နည်း နေတယ် လို့ ဆို ပါတယ။် မြင်းခြံဈေးကွက်မှာ ရြက်ခားသာပဲစင်းငုံနီကို  ရန်ကုန်အဆွဲရှိခဲ့တယ် လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၆၁ဝ ကျပ်(တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာရှိခဲ့ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ပဲစင်းငုံနီတစ် ပိဿာကို ၆၄ဝ ကျပ် (တစ်တန်ကို ၃၉၁၉၂၉ ကျပ်)နဲ့ အဆွဲခပ်ပါးပါး သာရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။