ကုန်စည်ဒိုင်သုံးသပ်ချက်

ကုန်စည်ဒိုင်သုံးသပ်ချက်                 မတ်ပဲ (ကုန်ကြမ်း)ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးကျနေတဲ့အပေါ် တွက်ချက် ဝယ်ယူမှုတွေရှိနေတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်၊ ဟင်္သာ တမှာ ဈေးကျ နေပြီး မန္တလေးမှာ ဈေးမဆိုသလောက်မြင့် နေတာ တွေ့ရပါတယ်။                   ပဲတီစိမ်း(ခရမ်း)နဲ့ ပဲတီစိမ်း(အညာ)ကို တရုတ်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ဘုရင့် နောင၊် မန္တလး၊ မကွေး န ဲ့ ရေစကြိုမှာ ဈေးအနည်းငယ်ကျနေပြီး ပခုက္ကူမှာ ဈေးမဆိုသလောက်မြင့်နေတာ တွေ့ရပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့ပဲစင်းငုံဈေးဆင်းနေတာရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်- ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးဆင်းနေတာရယ်အပေါ် မူတည် ပြီး ဈေးချအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်း ခြ၊ံ အောင်လံ၊ မန္တလး နဲ့ မကွေး မှာ ဈေးကျနေကြောင်း တွေ့ရ ပါတယ်။                    ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိပေမယ့်  ရန်ကုန်အဆွဲ နည်းနေတာကြောင့် ဘုရင့်နောင်၊ ရေစကြိုနဲ့ မုံရွာမှာ ဈေးအနည်းငယ်မြင့်နေပြီး မြင်းခြံမှာ ဈေးအနည်းငယ်ကျ နေကာ မန္တလေးနဲ့ ပခုက္ကူမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကို ခွဲစက်သမားများ ဝယ်အားပုံမှန်ရှိတာ ကြောင့် မန္တလေး၊ မကွေး ၊ မုံရွာ ၊ အောင်လံ နဲ့  မြင်း ခြမှာ ဈေးမြင့်နေပြီး ပခုက္ကူနဲ့ ရေစကြိုမှာ ဈေးငြိမ် နေကြောင်း တွေ့ရပါတယ်။                      ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများနေတာကြောင့် လားရှိုး၊ မူဆယ်၊ မန္တလေး၊ မြင်းခြံနဲ့ ဟင်္သာ တမှာ ဈေးအနည်းးငယ်က်ကျနေပြီး တောြင်ကီး န ဲ့ ရေစကြိုမှာ ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ။်                     နှမ်းဖြူကို တရုတ်အဆွဲအေးပေမယ့် ဒေသတွင်း ဆီကြိတ် လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိတာကြောင့် မကွေးမှာ ဈေးအနည်းငယ်မြင့်နေပြီး မန္တလေးနဲ့ မုံရွာမှာ ဈေးငြိမ်နေကြောင်းသိရပါတယ်။                        သိပံနှမ်း ကို ရန်ကုန် အဆွဲအေးသွားတာကြောင့် အောင်လံ ဈေးကွက်မှာ ဈေးကကျရိပ်သမ်းနေကြောင်း တွေ့ရပါတယ်။