Main menu

Background

မန္တလေးစိန်တလုံးပြီးတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) စိန်တလုံး ဈေးကွက်တင်ပို့ရန် ပြင်ဆင်

Mon, 06/13/2011 - 07:07 -- Anonymous (not verified)

မန္တလေးစိန်တလုံးပြီးတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) စိန်တလုံး ဈေးကွက်တင်ပို့ရန် ပြင်ဆင်                ဧပြီ၊ မေလတုန်းက မန္တလေးစိန်တလုံးသရက် လှိုင်လှိုင်ပေါ်တဲ့ ရာသီ ဖြစ်ခဲ့ပါတယ်။ ဇွန်လမှာတော့ စိန်တလုံးသရက် ကုန်သလောက်ရှိပြီး ရင်ကွဲ၊ ရွှေဟင်္သာလောက်ဘဲ ကျန်ပါတယ်။ ဇွန်၊ ဇူလိုင်လများမှာတော့ ရှမ်းပြည် နယ်(တောင်ပိုင်း) စိန်တလုံးသရက်များ ဈေးကွက်ကိုစတင်ပြီး လှိုင်လှိုင်ဝင်လာ တော့မှာမို့ မေလကုန်ပိုင်းက ဖိုးသာအောင်တို့အဖွဲ့က ပြည်နယ်သရက်စိုက် ဧကရဲ့ ၅ဝ ရာခိုင်နှုန်းကျော်စိုက်ပျိုးတဲ့ ရပ်စောက်၊ အင်တော သရက်ဇုန် များကို ရောက်ရှိလေ့လာဖြစ်ပါတယ်။ ရပ်စောက်သရက်ဇုန် ဥက္ကဋ္ဌရဲ့ ရှင်းလင်းချက်အရ ဒီနှစ် သရက်ပန်းပွင့်ချိန် နှင်းခါးကျခဲ့တာကြောင့် အသီးတင်နှုန်း နည်းခဲ့ပေမဲ့ ပင်ပျိုအသီးတင်ပင်များလာသဖြင့် အထွက်မလျော့နိုင်ကြောင်း ပြောပြပါတယ်။ လာမဲ့နှစ် အလားတူမဖြစ်စေရေးအတွက် ယခုကတည်းက ခေါင်နိမ့်စနစ်ကို အချိန်ကိုက်ပြင်ဆင်ပုံနဲ့ နှင်းခါးကာကွယ်သည့် နည်းစနစ်များကို မီးခိုးမှိုင်းတိုက်နည်းနဲ့ ရေအဆင်ပြေက ရေဖျန်းသည့်စနစ်များ အသုံး ပြုရန် ခြံရှင်များအား ပညာပေးလျက်ရှိကြောင်း သိခဲ့ရပါတယ်။ ဈေးကွက်ကို တော့ ဇွန်၊ ဇူလိုင်လများမှာ တင်ပို့မှာဖြစ်ပါတယ်။ ၎င်းမှ ဆက်လက်ပြီး အင်တောသရက်ဇုန်ဖြစ်တဲ့ ကမ္ဘောဇ၊ ထူး၊ ရွှေသံလွင်၊ ကျောက်ဆုံ သဘာဝသရက်နဲ့ ရာသီသီးနံှခြံများကို ဆက်လက်လေ့လာ ဖြစ်ခဲ့ပါတယ်။ သီးသမျှအသီးဈေးကွက်ဝင်ဖို့အတွက် အသီးအားလုံးကို အိတ် စွပ်ထားတာ တွေ့ရပါတယ်။ ကျောက်ဆုံသရက်ခြံမှာတော့ မေ ၂၉ ရက်ကတည်းက သရက်သီး ၁ တန်ခန့်ကို အသီးရင့်မှည့်မှု စမ်းသပ်ရင်း ဈေးကွက် နမူနာ ထိုးဖောက်ဖို့အတွက် စမ်းသပ်ခူးထားတာ တွေ့ခဲ့ရပါတယ်။ ဇွန်ပထမ ပတ်ကနေစပြီး ဈေးကွက်ကို ၁၅ ရက်တစ်ကြိမ် ၄ ရစ်မှ ၅ ရစ်ခွဲပြီး တင်ပို့ တော့မယ်လို့ ခြံတာဝန်ခံကရှင်းပြပါတယ်။ တင်ပို့မဲ့ဈေးကွက်ကတော့ မူဆယ်၊ ကွမ်ကျိုးနဲ့ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး ဈေးကွက်များကို ကြိုတင်ချိတ်ဆက် မှာကြားတဲ့အတိုင်း မျှ၍တင်ပို့သွားမယ်လို့ သိခဲ့ရပါတယ်။ သရက်သီးခူးဆွတ်ရန် တောင်းများ၊ တင်ပို့ရန်ခြင်းများ၊ ထုပ်ပိုးရန် သေတ္တာများ စနစ်တကျ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဈေးကွက် အကြိုက်၊ အရည်အသွေးမီ သရက်သီးများဖြစ်ရေးအတွက် သရက်ဇုန်ခြံရှင်၊ ဌာန ပူးပေါင်းဆောင်ရွက် အောင်မြင်မှုများကိုကြည့်၍ ပီတိဖြစ်ရင်း နောင်နှစ် များမှာဆိုရင် ဒီထက်ပိုပြီး တိုးတက်လာတော့မှာပါလား ဆိုသောအတွေးဖြင့် -------။ ဖိိုးးသာအောင်