Main menu

Background

အိတ်စပို့တန်းဝင် စစ်ကိုင်းသရက် မူဆယ်ရောက်

Mon, 06/13/2011 - 07:07 -- Anonymous (not verified)

အိတ်စပို့တန်းဝင် စစ်ကိုင်းသရက် မူဆယ်ရောက်             စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သရက်စိုက်ဧက ၁၄၃၉ အနက် စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ အိတ် စပို့တန်းဝင် သရက်စိုက်ဧက ၇၄ဝ စိုက်ပျိုးကြောင်း သိရပါတယ်။ စိန်တလုံး၊ ဟင်္သာ၊ ပတ္တမြားငမောက်နဲ့ ရင်ကွဲမျိုး များကို အိတ်စွပ်စိုက်ပျိုးကြကြောင်း သိရပါတယ်။ ယခုအချိန်က သရက်သီး များ လှိုင်လှိုင်ပေါ်တဲ့ရာသီဖြစ်လို့ တိုင်းဒေသကြီးအတွင်း စားသုံးမှု ဖူလုံခြင်း သာမက အိတ်စပို့တင်ပို့ရန်ရည်ရွယ်ပြီး သရက်ခြံပိုင်ရှင်များက စိုက်ပျိုးကြကြောင်း စစ်ကိုင်းမြို့နယ် ညောင်ပင် ဝန်းကျေးရွာရှိ သရက်ခြံပိုင်ရှင်တစ်ဦး က ပြောပါတယ်။                နှစ်စဉ် စစ်ကိုင်းမြို့နယ်အတွင်းမှ မူဆယ်သို့ သရက်သီးများ တင်ပို့လျက် ရှိရာ ယခင်နှစ်က စိန်တလုံးသရက် တန် ၃၃ဝ ကျော်၊ ဟင်္သာသရက် တန် ၅၈ဝ ကျော်၊ ရင်ကွဲသရက် တန် ၄ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာလည်း စိန်တလုံးသရက် တန် ၄ဝဝ ကျော်၊ ဟင်္သာသရက် တန် ၆ဝဝ ကျော်၊ ရင်ကွဲသရက် တန် ၄၅ဝဝ ကျော် မူဆယ်သို့ တင်ပို့ရန်ခန့်မှန်းထားကြောင်း ယခုအချိန်ထိ စိန်တလုံးနဲ့ ဟင်္သာသရက်တန် ၄၅ဝ ကျော်တင်ပို့ပြီး ကြောင်း သိရပါတယ်။ စစ်ကိုင်းမှ မူဆယ်သို့ သယ်ယူပို့ဆောင်စရိတ်မှာ ၆ ဘီးကား စီးလုံးပြတ် ၄၂ဝဝဝဝ ကျပ် ကျပြီး ကားတစ်စီးကို ဂျပ်ဖာ ၅ဝဝ ခန့် တင်နိုင်ကြောင်း သိရပါတယ်။             ကျော်ဝင်း