Main menu

Background

လေးလေးမှန်မှန်ဖြစ်နေဆဲ ပြောင်းဖူးစေ့ ဈေးကွက်

Mon, 06/13/2011 - 07:12 -- Anonymous (not verified)

လေးလေးမှန်မှန်ဖြစ်နေဆဲ ပြောင်းဖူးစေ့ ဈေးကွက်               မန္တလေးဈေးကွက်မှာ တွင်ကျယ်ဆဲ ကုန်ပစ္စည်းက ပြောင်းဖူးစေ့ပါ။ ပြောင်းဖူးစေ့ကို မိုးနဲ့ နွေမှာ စိုက်ပျိုးကြ ပါတယ်။ ယခုအချိန်ဟာ နွေပြောင်းက အသစ်အနေနဲ့ ဝင်ရောက် ရောင်းဝယ်လေ့ရှိတတ်ပေမဲ့ ယခုနှစ်မှာတော့ မိုးရွာ သွန်းမှုက အဆက်မပြတ်လှတာကြောင့် နွေပြောင်းအထွက် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ပြောင်းဖူးစေ့ အရောင်းအဝယ်က မှန်မှန်ရှိနေပါတယ်။ ပြောင်းဖူးစေ့ကို ကြက်စာအနေနဲ့ရော၊ တရုတ်တင်ဖို့အတွက်ပါ အရောင်းအဝယ် မှန်မှန်ပြုနေကြပါ တယ်။ မန္တလေးက မူဆယ်ကို တင်ပို့မှုတွေကြည့်ရင် ၂ဝ၁ဝ တစ်နှစ်လုံး ၁ဝ၁၇၂၉ တန် တင်ပို့ခဲ့ပါတယ်။ တစ်လခြင်း ကြည့်ရင် ဒီလိုတွေ့ရပါတယ်စဉ်  လအမည်      ၂ဝ၁ဝ     ၂ဝ၁၁၁     ဇန်နဝါရီ       ၃၆၄၉       ၁၇၁၄၂     ဖေဖော်ဝါရီ    ၅၈၈၆        ၁၂၃      မတ်            ၇၈၃၆       ၂၄၄၄       ဧပြီ            ၄၂၁၉           -၅       မေ            ၉၅၂၁        ၈၁၃ဝ               ပြောင်းဖူးစေ့က တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်း တိုးလာသလို နယ်စပ်ကနေတစ်ဆင့် တရုတ်ရဲ့ ဝယ်ယူမှုကလဲ နှစ်စဉ်တိုးတက်နေပါတယ်။ ဇွန်လ ၁ ရက်မှာ ၉၄ဝ တန်၊ ၂ ရက်မှာ ၅၇ဝ တန်၊ ၃ ရက်မှာ ၅၇၁ တန်၊ ၄ ရက်မှာ ၃၆၉ တန်၊ ၅ ရက်မှာ ၃၁၉ တန်၊ ၆ ရက်မှာ ၂၆၅ တန်၊ ၇ ရက်မှာ ၅၂၉ တန် တင်ပို့မှု ရှိတာတွေ့ရပါတယ်။ လက်ရှိပြောင်းဖူးစေ့ပေါက်ဈေးက တစ်ပိဿာကို ၂၅ဝ ကျပ်-၂၅၉ ကျပ်ဖြစ်ပါတယ်။ ယခင်နှစ်က ဒီအချိန်မှာ တစ် ပိဿာကို ၃၇ဝ ကျပ်-၃၈၉ ကျပ် ရှိခဲ့ပါတယ်။ ဈေးအနေနဲ့ တစ်ပိဿာကို ၁၂ဝ ကျပ်-၁၃ဝ ကျပ် လျော့နေတာကို တွေ့ရ ပါတယ်။ မျိုးသူ