Main menu

Background

တိုင်းရင်းဆေးထဲက ပွေးကိုင်းဈေးကွက်

Mon, 06/13/2011 - 07:15 -- Anonymous (not verified)

တိုင်းရင်းဆေးထဲက ပွေးကိုင်းဈေးကွက်                ပခုက္ကူမြို့နယ်ထဲက မြစ်ခြေ၊ ပေါက်တော နယ်ဘက်မှ တိုင်းရင်းဆေးဘက်ဝင် ပွေးကိုင်းတွေစိုက်ကြပါတယ်။ ယာခင်း ကုန်းတွေပေါ်မှာ စိုက်သလို ရေကျသွားတဲ့ ကျွန်းတွေပေါ်မှာလည်း မြေပဲနဲ့ သီးညှပ်စိုက်ကြပါတယ်။ တစ်ဧကကို မျိုးစေ့ ၂ ပြည်သုံးစွဲရပြီး မျိုးစေ့တစ်ပြည်ကို ၃၅ဝဝ ကျပ်ရှိပါတယ်။ စိုက်ပြီး တစ်လခွဲဆိုရင် အောက်လက်ရွက်ရင့်တွေက စပြီသိမ်းရပါတယ်။ ရွက်သပ်ခ၊ ရွက်ခူးခက တစ်မနက်ကို ၄ဝဝ ကျပ် ပေးရပါတယ်။ တစ်လကို နှစ်ကြိမ်ခန့် အရွက်ခူးပေးရပါတယ်။ ခူးပြီးတဲ့အရွက်တွေကို နေပြပြီး ပွေးကိုင်းခြောက် ကိုင်း ပါရင် တစ်ပိဿာ ကျပ် ၁၃ဝဝ နဲ့ အရွက်ခြောက်သီးသန့်ဆိုရင် တစ်ပိဿာ ကျပ် ၁၅ဝဝ ဈေးပေါက်ပါတယ်။ ဖူးတံအပွင့်ထွက် လာရင် အကြီးမခံဘဲ အသီးအဖြစ်မရောက်အောင် ချိုးပြစ်ရပါတယ်။ အပင်နဲ့ အရွက်သန်အောင်လို့ပါ။ ပေါက်တောရွာရှိ ပွဲစားများက စုဝယ်သိမ်းပြီး မန္တလေးတိုင်းရင်းဆေးဈေးကွက်ကို တင်ပို့တယ်လို့ သိပါတယ်။ MMA