Main menu

Background

အိုင်စီတီ နည်းပညာပြပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပ

Mon, 06/13/2011 - 07:22 -- Anonymous (not verified)

အိုင်စီတီ နည်းပညာပြပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပ                 စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စတုတ္ထအကြိမ်မြောက် ICT Exhibition 2011 (Myanmar) ကို ဇွန် ၃ ရက်မှ ၅ ရက်အထိ မုံရွာမြို့ မြို့တော် ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခု လိုပြပွဲတွေ ကျင်းပပေးခြင်းအားဖြင့် ဒေသခံလူတွေအတွက် နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရပြီး အသိပညာဗဟုသုတတိုးပွားစေပါတယ်။ ပြပွဲမှရရှိလာတဲ့ ရန်ပုံငွေကို ကွန်ပျူတာ နည်းပညာပြန့်ပွားရေးအတွက် အသုံး ပြုဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ကွန်ပျူတာနဲ့ နည်းပညာဆက်စပ်ပစ္စည်းများကို ကုမ္ပဏီကြီးတွေကိုယ်တိုင် လာရောက်ပြသရောင်းချပေးလို့ ပစ္စည်း မှန်ပြီး ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိ နိုင်ပါတယ်။ ဒါ့အပြင် ှSoftware Company များမှ  SMS စနစ်ဖြင့် Business Information အချက် အလက်ပို့သည့်စနစ်များ၊ ပွဲရုံလုပ်ငန်း သုံး၊ စတိုးဆိုင်၊ ဆေးရုံ၊ ဝန်ထမ်းလစာ ပေးစနစ်များ စသည်ဖြင့် ကွန်ပျူတာ အသုံးပြုစာရင်းကိုင်စနစ်များကို ပြပွဲ အတွင်းအထူးလျှော့ဈေးနှုန်းဖြင့် ရောင်း ချပေးခဲ့တဲ့အတွက် ဒေသခံတွေအနေ နဲ့ ပြည်တွင်း Software  များရဲ့ အသုံးဝင်ပုံကို လေ့လာခွင့်၊သုံးခွင့်ရှိတဲ့ အကျိုး ကျေးဇူးများ ရရှိခဲ့ပါတယ်။ ကွန်ပျူတာ ဝယ်နှုန်းမြင့်လာခြင်းနဲ့ အင်တာနက်ဆိုင် ၂ဝ ကျော်ရှိရာ အင်တာနက်သုံးစွဲသူ များဖြင့် ပြည့်နှက်လျက်ရှိခြင်းတို့ကြောင့် မုံရွာမြို့မှာ တစ်နှစ်ထက်တစ်နှစ် အိုင်တီ နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု တိုးပွား လာကြောင်း တွေ့ရပါတယ်။ ရီလင်းထွဋ်