Main menu

Background

ကျောက်ဆည်ခရိုင် နွေသီးနံှစိုက် တောင်သူများအား ကွင်းဆင်းဆွေးနွေး

Mon, 06/13/2011 - 07:30 -- Anonymous (not verified)

ကျောက်ဆည်ခရိုင် နွေသီးနံှစိုက် တောင်သူများအား ကွင်းဆင်းဆွေးနွေး                ကျောက်ဆည်ခရိုင်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ် ရေးမှ TPIS တာဝန်ခံများသည် မိမိတို့မြို့နယ် အလိုက် နွေသီးနံှစိုက်တောင် သူများအား ဇွန် ၅ ရက်မှ ၈ ရက်အထိ ကွင်းဆင်းဆွေးနွေးခဲ့ကြပါတယ်။ နွေစပါးသီးနံှများ မကြာခင် ဖြိုင်ဖြိုင်ရိတ်သိမ်းကြတော့မှာ ဖြစ်တာ ကြောင့် သီးနံှများ ရိတ်သိမ်းခြင်း၊ နယ်လှေ့ သန့်စင်ခြင်း၊ အခြောက်လှန်းခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ လေလွင့်ဆုံးရှုံးမှုများ လျော့နည်း အောင်ဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းများအတွက် နည်းစနစ်မှန်ကန်စွာ သိရှိဆောင်ရွက်နိုင်ကြမှသာ ထွက်ရှိလာသည့် စပါးများ အရည်အသွေးကောင်းပြီး ဆန်ထွက်နှုန်းများလာခြင်း အကျိုးကျေးဇူးများ ဖြစ်ပေါ်လာမှာဖြစ်ကြောင်း၊ ပဲတီစိမ်း မှာ အဓိကကျရောက်တတ်သော ယင်ဖြူအကြောင်း၊ မှိုရောဂါနှင့် ပိုးကျရောက်မှုကို ကာကွယ်နှိမ်နင်းနည်းများနဲ့ ကောင်း မွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP) အကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။   သက်လွင်ထူး