Main menu

Background

ငလျင်ဘေးဒဏ်ပြန်လည်တည်ဆောက်ရေးအတွက် ယန်းထရီလီယံများစွာ ကုန်မည်

Mon, 06/13/2011 - 07:32 -- Anonymous (not verified)

ငလျင်ဘေးဒဏ်ပြန်လည်တည်ဆောက်ရေးအတွက် ယန်းထရီလီယံများစွာ ကုန်မည်              မတ် ၁၁ရက် မြေငလျင်နဲ့ ဆူနာမီ သဘာဝဘေးအန္တရာယ်ကြောင့် ဂျပန်နိုင်ငံမှာ ဒေဝါလီခံ သို့မဟုတ် လုံးဝပျက်စီး သွားတဲ့ ကုမ္ပဏီ ၁၄၅ ခုရှိတယ်။ ၁၉၉၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မဟာဟန်ရှင်း ငလျင်ကြီးဖြစ်ပွားပြီး နောက်ပိုင်း ကုမ္ပဏီ အပျက်အစီးအများဆုံး သဘာဝဘေးတစ်ခု ဖြစ်တယ်လို့ ပုဂ္ဂလိက သုတေသနလုပ်ငန်းဖြစ်တဲ့ တိုကျိုရှိကို သုတေသနဌာနက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ရတဲ့ အပျက်အစီးတွေကို နောင်ထပ် ၁ဝ နှစ်လောက်ပြန်လည်တည်ရမှာ ဖြစ်ပြီးဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာအစိုးရတွေက ယန်း ၁၄ ထရီလီယံကနေ ၁၈ ထရီလီယံအထိ သုံးစွဲဖို့လိုမယ်လို့ အခြား ပုဂ္ဂလိက သုတေသနလုပ်ငန်းတစ်ခု ဖြစ်တဲ့ ဂျပန်သုတေသနသိပ္ပံက ဇွန် ၆ ရက်က ပြောပါတယ်။             ၂ဝ၁၁ ခုနှစ် ဘဏ္ဍနှစ်အတွက် အစိုးရက ယန်း ၉ ဒသမ ၁ထရီလီယံ သုံးစွဲဖို့လိုမယ့်ထဲက ၅ထရီလီယံကို အရန်အဖြစ်ဖယ်ထားပြီး ၂ဝ၁၂ ခုနှစ် မတ် ၃၁ ရက် ဘတ်ဂျက်မှာ ယန်း ၄ ထရီလီယံကို ထပ်တိုးပေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေ အသုံးစရိတ်ကို တွက်ချက်ရာမှာ မတ်လအတွင်းက အစိုးရက ကြေညာခဲ့တဲ့ အပျက်အစီး စာရင်းခန့်မှန်းချက်ကို အခြေခံပြီး ၁၉၉၅ ခုနှစ်က ဟိုဂိုစီရင်စုမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်တုန်းက အစိုးရက ပြည်သူတွေရဲ့ နေစဉ်ဘဝအခြေအနေတည်ငြိမ်ဖို့ ဆောင်ရွက်ပေးခဲ့တဲ့ ပမာဏနဲ့ ချိန်ဆတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။Source: japantodays.com