Main menu

Background

အပြည်ပြည်ဆိုင်ရာဝယ်လိုအားကြောင့် တောင်ကိုရီးယားရဲ့ ကားထုတ်လုပ်မှု မေလတွင် မြင့်တက်

Mon, 06/13/2011 - 07:32 -- Anonymous (not verified)

အပြည်ပြည်ဆိုင်ရာဝယ်လိုအားကြောင့် တောင်ကိုရီးယားရဲ့ ကားထုတ်လုပ်မှု မေလတွင် မြင့်တက်               ပင်လယ်ရပ်ခြားက ဝယ်လိုအားမြင့်တက်တဲ့ အတွက် တောင်ကိုရီးယားနိုင်ငံရှိ ကား ကုမ္ပဏီကြီး ငါးခုရဲ့မေလမှာထုတ်လုပ်မှုဟာ ယခင်နှစ်အလားတူကာလထက် ၁ဝ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုခဲ့တယ် လို့ ပြည်တွင်းလုပ်ငန်း အဖွဲ့တစ်ခုက ဇွန် ၇ ရက်နေ့ က ပြောပါတယ်။                ဟွန်ဒိုင်းမော်တာကုမ္ပဏီဦးဆောင်တဲ့ မော်တော်ကား ထုတ်လုပ်သူတွေက ၂ဝ၁ဝ ခု မေက စင်းရေ ၃၆၁၈၁၉ စင်းထုတ်လုပ်ခဲ့ရာ မှ မေက ကားစင်းရေ ၃၈၈၆၆၆ စင်းထုတ်လုပ်ခဲ့တယ်လို့ တောင်ကိုရီးယား မော်တော်ကား ထုတ်လုပ်သူများ အသင်း ( KAMA) က ပြောပါတယ်။ ပြည်ပတင်ပို့မှုက ၁ဝ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ပြီး စင်းရေ ၂၆၁ ၆ဝ၂ စင်းထိရောက်ရှိ ခဲ့တဲ့ အတွက် မော်တော်ကားထုတ်လုပ်သူ အားလုံး ရဲ့ စုစုပေါင်းအရောင်းက ယခင်နှစ်ကထက် ၈ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး စင်းရေ ၃၈၂ ၁၄ဝ စင်းရှိခဲ့ပါတယ်။                 မော်တော်ကား ကုမ္ပဏီငါးခု စုစုပေါင်းရဲ့ မေအရောင်းက စင်းရေ ၆၃၈၁၁ဝ စင်းရှိခဲ့တယ် လို့ စောစောပိုင်းက ကြေညာခဲ့ပါတယ်။ ဒီအရေ အတွက်ထဲမှာ ပင်လယ်ရပ်ခြား ဈေးကွက်တွေ ထဲမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ ကားတွေလည်းပါ ဝင် ပါတယ်။ မော်တော်ကား ထုတ်လုပ်သူတွေထဲ မှာ ဂျီအမ်ကိုရီးယားကုမ္ပဏီ၊ ဂျီအမ်မော်တာ ကုမ္ပဏီရဲ့ ကိုရီးယားယူနစ်၊ ရေးနော့ ဆမ်းဆောင်း မော်တာ ကုမ္ပဏီ၊ ပြင်သစ်ရေးနော့ အက်စ်အေနဲ့ Ssamgyong Motor Co. တို့ပါဝင် ပါတယ်။ Source: yonhap.com