Main menu

Background

အချိန်ကုန်သက်သာဖို့အတွက် လေဆိပ်အဝင်တွေမှာ မျက်ဝန်းကိုစစ်မည်

Mon, 06/13/2011 - 07:39 -- Anonymous (not verified)

အချိန်ကုန်သက်သာဖို့အတွက် လေဆိပ်အဝင်တွေမှာ မျက်ဝန်းကိုစစ်မည်                လေဆိပ်အဝင်စစ်ဆေးတာကို အချိန်ကုန်အများကြီး သက်သာစေမဲ့ လေဆိပ်လုံခြုံရေးစနစ်ကို လေဆိပ် ဆိုင်ရာလုပ်ငန်းအဖွဲ့က ဖေါ်ထုတ်ခဲ့ပါတယ်။ စနစ်သစ်အရ ခရီးသည်ရဲ့ မျက်ဝန်းအိမ်ကို ကွန်ပျူတာ စကင်နာနဲ့ ဖတ်ရှုစစ်ဆေးပြီး လုံခြုံရေးကို အန္တရာယ် ပြုနိုင်သူဟုတ်မဟုတ် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဇွန် ၇ရက်က ပြုလုပ်တဲ့ အသင်းရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ အချိန်ကုန်သက်သာဖို့အတွက် လေဆိပ်အဝင်တွေမှာ မျက်ဝန်းကိုစစ်မည် လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်း(LATA)က ပြောပါတယ်။ ခရီးသည်တွေက အရှည်ပေ ၂ဝ (၆ ဒသမ ၁မီတာ) ရှိ လှိုင်ခေါင်းထဲကို ဖြတ်ကျော်ပြီး လုံခြုံရေးအန္တရာယ် အခြေအနေပေါ်မူတည်ပြီး ရှာဖွေမှု အမျိုးမျိုးကို ခံယူရမှာ ဖြစ်ပါတယ်။ ဒီ စနစ်ကို ၅နှစ်အတွင်း ထားရှိနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ Source: straitstimes.com