Main menu

Background

တရုတ်နိုင်ငံက မော်တော်ယာဉ်အတွက် ထောက်ပံ့ငွေ အစီအစဉ်ကြေညာ

Mon, 06/13/2011 - 07:41 -- Anonymous (not verified)

တရုတ်နိုင်ငံက မော်တော်ယာဉ်အတွက် ထောက်ပံ့ငွေ အစီအစဉ်ကြေညာ               တရုတ်နိုင်ငံက မော်တော်ယာဉ်အတွက် ထောက်ပံ့ငွေအစီအစဉ်သစ်ကို ဇွန် ၈ ရက်က ကြေညာပါတယ်။ အစီအစဉ်ရဲ့ မော်တော်ယာဉ် ပိုင်ရှင်တွေက အသုံးမပြုတော့ကားတွေကို ယခုနှစ် အတွင်းဖျက်စီးပစ်မယ်ဆိုရင် ယွမ် ၁၈ဝဝဝ (၂၇၆၉ ဒေါ်လာ) ရရှိမှာ ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ မော်တော်ယာဉ်ဖျက်စီးဖို့ မှတ်ပုံတင်ထားရင် အစိုးရ ထောက်ပံ့ငွေ ယွမ် ၁၁ ဝဝဝနဲ့ ၁၈ ဝဝဝ အကြားရရှိမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ဘဏ္ဍရေးဝန်ကြီး ဌာနတွေက ကြေညာချက်ထုတ်ပြန်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ၆ နှစ်ကနေ ၁၅ နှစ် သက်တမ်းရှိ ကျေးလက်ဒေသက လူစီယာဉ်တွေ သက်တမ်း ၈နှစ်က ၁၅ နှစ်ရှိ ဘတ်စကားတွေနဲ့ သက်တမ်း ၁ဝ နှစ်က ၁၅ နှစ်ရှိ ထရပ်ကားကြီးတွေ ပါဝင်ပါတယ်။                 တရုတ်နိုင်ငံရဲ့ ကားဟောင်းအသစ်လဲလှယ် ရေး အစီစဉ်က ၂ဝ၁ဝ ပြည့်နှစ်ကုန်က ပြီးဆုံးခဲ့ပါ တယ်။ ဒီအစီအစဉ်မှာတုန်းက ယာဉ်ဟောင်း အစား ယာဉ်အသစ်ဝယ်ရင် အစိုးရက ထောက်ပံ့ ကြေးတွေ ပေးခဲ့ပါတယ်။ ယာဉ်ဟောင်းအစား ယာဉ်သစ်ဝယ်ရင်အစိုးရက ထောက်ပံ့ကြေးတွေ ပေးခဲ့ပါတယ်။ ယာဉ်ဖလှယ်ရေး အစီအစဉ် တုန်း က ယခုငွေကြေးထောက်ပံ့ရေး အစီအစဉ်ထက် ယာဉ်အမျိုးအစား ပိုမိုပါဝင်ပြီး အသေးစားထရပ် ကားများနဲ့ ခရီးသည်တင်ယာဉ်တွေ ပါဝင်ပါတယ်။                     ယာဉ်ဖလှယ်ရေး အစီအစဉ်ဆောင်ရွက်တဲ့ ရည် ရွယ်ချက်က မော်တော် ယာဉ်အသစ်တွေရောင်းချ ရေးနဲ့ ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့ အတွက် ဖြစ်ပါတယ်။ Source: xinhua