အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်တို့ ရဲ့ ၂ဝ၁၂ခု နှစ်ပတ်လည်အစည်းအဝေးကို ဂျပန်တွင်ကျင်းပမည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)နဲ့ ကမ္ဘာ့ ဘဏ်တို့ရဲ့ ၂ဝ၁၂ခုနှစ် နှစ်ပတ်လည် အစည်းအဝေးများကို ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပမှာဖြစ်တယ်လို့ အိုင်အမ်အက်ဖ်က ဇွန် ၆ရက်က ကြေညာပါတယ်။ အစည်းအဝေးများကို မူလက အီဂျစ်နိုင်ငံတွင်ပြုလုပ်မယ်လို့ ကြေညာခဲ့သော် လည်း မြောက်အာဖရိကဒေသတွင် မကြာမီက ဖြစ်ပွားခဲ့သော မငြိမ်သက်မှု များကြောင့် ဂျပန်တွင် ရွှေ့ပြောင်းကျင်းပခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍရေး အဖွဲ့အစည်းနှစ်ခုရဲ့နှစ်ပတ်လည် အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ စီးပွား ရေးနဲ့ဘဏ္ဍာရေးဖြစ်ပေါ် တိုးတက်မှုတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ များကို ဆွေးနွေးကြပြီး ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာနိုင်ငံများအား အကူအညီပေးရေးကိစ္စများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အဖွဲ့ဝင် ၁၈၇နိုင်ငံတို့အား ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်မဲ့ နည်းလမ်းများ ကို ရှာဖွေဖို့ ဖိုရမ်ဆွေးနွေးပွဲတစ်ခုကို ကျင်းပပေးမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်မှ ဂျပန်နိုင်ငံ ပြန်လည်နာလန်ထူလာပြီ ဖြစ်ကြောင်း ကမ္ဘာ့တစ်ဝန်းမှ တက်ရောက်လာသူများအား ပြသနိုင်ဖို့အတွက် ဤ အစည်းအဝေးက ပြည့်စုံသော အခွင့်အလမ်းများကို ပေးမှာဖြစ်ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီး ယိုရှီကီကိုနိုဒါက ပြောကြားပါတယ်။ Source: xinhua
Background