ဇလွန်ရှေ့ဆောင် ဆန်အထူးပြုကုမ္ပဏီမှ ၂ဝ၁၁-၁၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပံ့ပိုးနေပြီ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်ရှိ ဇလွန်ရှေ့ဆောင် ဆန်အထူးပြုကုမ္ပဏီမှ ၂ဝ၁၁-၁၂ ခုနှစ် မိုးစပါးစိုက်ပျိုးတဲ့ တောင်သူများအား မေလ ၂၅ ရက်မှစတင်၍ စိုက်ပျိုးစရိတ်နှင့် သွင်းအားစုဖြစ်သော ဓါတ်မြေသြဇာများ ပံ့ပိုးလျက်ရှိရာ မေလ ၃၁ ရက် နေ့အထိ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ တောင်သူဦးရေ ၃ဝဝဝ ဦး၊ စိုက်ဧက ၁၃၂ဝ ဧကအတွက် စိုက်စရိတ် ၁၃၂ သိန်း ၊ သွင်းအားစု တန်ဖိုး ၇၆၆ ဒသမ ၉၅သိန်း စုစုပေါင်း ၈၉၈ ဒသမ ၉၅ သိန်း ပံ့ပိုးပြီး ဖြစ်ပါတယ်လို့ သိရပါတယ်။ ယခုနှစ်မှာ ဇလွန်ရှေ့ဆောင် ဆန်အထူးပြုကုမ္ပဏီမှ စိုက်ဧက ၁၆ဝဝဝ ဧကအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း ၁၆ဝဝ ၊ သွင်းအားစုတန်ဖိုး ကျပ်သိန်း ၁ဝ၄၅၊ စုစုပေါင်း ကျပ်သိန်း ၁၂ဝ၅ဝ ပံ့ပိုးဆောင်ရွက်မယ်လို့ သိရပါတယ်။ ဌေးဝင်း
Background