Main menu

Background

မကွေးကုန်စည်ဒိုင်တွင် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းရက်တိုသင်တန်း ဖွင့်လှစ်

Mon, 06/13/2011 - 08:07 -- Anonymous (not verified)

မကွေးကုန်စည်ဒိုင်တွင် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းရက်တိုသင်တန်း ဖွင့်လှစ်                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပတဲ့ ပို့ကုန် သွင်းကုန်လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း(မကွေး) ဖွင့်ပွဲအခမ်းအနားကို မကွေးမြို့ ကုန်စည်ဒိုင် အစည်းအဝေးခန်းမတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၆ ရက် နံနက် ၈ နာရီ က ကျင်းပခဲ့ပါတယ်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးမြင့်နိုင်မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး သီးနံှပို့ကုန်မြှင့်တင် ရေးဌာနခွဲမှ အထွေထွေမန်နေဂျာ ဦးမြင့်စိုး၊ သင်တန်းကြီးကြပ်ရေးနှင့် နည်းပြ အရာရှိ ၈ ဦး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာမှ အကြီးအကဲ ၁၅ ဦး၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဌနှင့်တာဝန်ရှိသူ ၃ဝ ဦး၊ မြို့နယ်ကုန်သည် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ အတွင်းရေးမှူး ၃ဝ ဦး သင်တန်းတက်ရောက်မည့်သင်တန်းသား ၇၅ ဦး စုစုပေါင်း ၁၅၈ ဦး တက်ရောက်ခဲ့ကြပါတယ်။                    သင်တန်းတွင် ပြည်ပကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို့ကုန် သွင်းကုန်လုပ်ထုံးလုပ်နည်းများ သိရှိပြီး လုပ်ငန်းများစနစ်တကျမှန်ကန် မြန်ဆန် စွာ ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုဆိုင်ရာ အသိပညာပေး ဗဟုသုတများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၁ဝ ရက်နေ့အထိ နေ့စဉ်နံနက် ဝ၉းဝဝ နာရီမှ ညနေ ၁၅း၅ဝ အထိ ဖွင့်လှစ် ပို့ချသွားမှာဖြစ်ကြောင်း သိရပါတယ်။ MK