Main menu

Background

သံဃာတော်တွေအတွက် အလွယ်တကူ သယ်သွားလို့ရတဲ့ အိတ်ဆောင် တိပိဋက

Mon, 06/13/2011 - 08:13 -- Anonymous (not verified)

သံဃာတော်တွေအတွက် အလွယ်တကူ သယ်သွားလို့ရတဲ့ အိတ်ဆောင် တိပိဋက                 စာဖြေသံဃာတွေ၊ ကျမ်းပြု သုတေသီတွေအတွက် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်မူရင်းကျမ်းတွေကို ကိုယ် နဲ့မကွာ သယ်ဆောင်သွားသည့်အလား ပေးစွမ်းဖြည့်စွမ်းပေးမယ့် အိတ်ဆောင်တိပိဋက ကွန်ပျူတာ အသေးစား လေးပဲဖြစ်ပါတယ်။ စာသားတွေ ဖတ်ရှုရာမှာ အဆင်ပြေ စေနိုင်မယ့် ထောင့်ဖြတ် ၄ x ၃ လက်မအရွယ် LCD Touchscreen ပါဝင်ပါတယ်။ သုတ္တန်ဒေသနာတော်တွေ ကို လွယ်လွယ်နဲ့ မြန်မြန်ရှာနိုင်ဖို့ Processor  ရဲ့ပါဝါ ကိုလည်း မြှင့်ပေးထားပါတယ်။ အမြန်နှုန်း 533 MHz  နဲ့ လုပ်ဆောင်ပေးနိုင်တဲ့ AKM 1136JF-S Processor  ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Memory 128MB  နဲ့ သိုလှောင်နိုင်မှုပမာဏကတော့ 4GB ရှိပါတယ်။ အဲဒါ ကို ဆောင်ထားတဲ့အတွက် ဆဋမူပါဠိတော်ကျမ်းအားလုံး ကို ဖတ်ရှုနိုင်ပါတယ်။ ဒါပြင့် တွေ့သမျှကျမ်းတွေမှာပါတဲ့ စာလုံးတွေရဲ့ အဓိပ္ပာယ်ကိုလည်းရှာလို့ရနိုင်တဲ့ အဘိဓာန် ကိုလည်း ထည့်သွင်းထားပါတယ်။ သုတ္တန်ဒေသနာတော် တွေကိုလည်း လိုသလို ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာလိုအဖွင့်ရေးပြီး မူရင်းကျမ်းသွားလို့ရတဲ့ ဝတ္ထုလမ်း ညွှန်လည်း ပါဝင်ပါတယ်။                 English-Myanmar, Myanmar- English  အဘိဓာန်ပါဝင်ပါတယ်။ မြန်မာပါဠိတော်သာမက အား လုံးကို အင်္ဂလိပ်လို romanize  လုပ်ထားတာကြောင့် ပါဠိရဲ့ အင်္ဂလိပ်စာလုံးပေါင်းနဲ့ရိုက်သွင်းရှာဖွေမှုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သံဃာတော်တွေ ကျမ်းပြုပညာရှင်တွေ လိုအပ်လို့ဝယ်ယူချင်တယ်ဆိုရင်တော့ ဆိပ်ကမ်းသာ လမ်းက Life Mark  ကွန်ပျူတာအရောင်းဆိုင် ဖုန်း- ၃၉၁၆၉ဝ၊ ၃၉၁၆၉၁မှာ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင်ပါတယ်။ တစ်နှစ်အာမခံပေးထားတဲ့အတွက် အသုံးပြုရာမှာ အဆင်ပြေစေနိုင်ပါတယ်။ တစ်လုံးကို ကျပ် ၁၆ဝဝဝဝ ဝန်းကျင်ရှိပါတယ်၊