Main menu

Background

ရုပ်သံလိုင်းအစီအစဉ်တွေကို ကွန်ပျူတာနဲ့ ကြည့်လို့ရမယ့် USB Hybrid DVB-T Stick & USB 2.0 DVB-T Stick

Mon, 06/13/2011 - 08:19 -- Anonymous (not verified)

ရုပ်သံလိုင်းအစီအစဉ်တွေကို ကွန်ပျူတာနဲ့ ကြည့်လို့ရမယ့် USB Hybrid DVB-T Stick & USB 2.0 DVB-T Stick                 ရုပ်သံလိုင်းအစီအစဉ်တွေကို ကွန်ပျူတာနဲ့ ဖမ်းယူကြည့်ရှုလို့ရမယ့် USB DVB -TStick  လေးတွေပဲဖြစ် ပါတယ်။ USB Hybrid DVB-TStick က Analoge System အတွက်ဖြစ်ပြီး USB 2.0 DVB-TStick ကတော့ Digital System အတွက် ဖြစ်ပါတယ်။ အဲဒီ DVB-TStick ု လေးတွေဟာ ရုပ်မြင်သံ ကြားဖမ်းစက်မလိုဘဲ ကွန်ပျူတာနဲ့တွဲပြီး MRTV, MRTV- 3, MRTV-4 မှာ Free Line ပေးထားတဲ့လိုင်းတွေကို ဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် FM ရေဒီယိုလိုင်းတွေကိုလည်း ဖမ်းယူ နားဆင်နိုင်ပါသေးတယ်။ ဒါ့အပြင် အဲဒီ T stick  တွေဟာ တစ်နေ့တာ မိမိနားမဆင်လိုက်ရတဲ့ အစီအစဉ်တွေကို ပြန်လည်ကြည့်ရှုနိုင်အောင်လည်း Record  လုပ်ပေးထားနိုင်ပါ တယ်။ အဲဒီ USB TStick  တွေနဲ့ တွဲပြီးသုံးရမယ့် ကွန်ပျူ တာဟာ P4 Patinum 1.7  ရှိပြီး Memory ဟာ 512M  နှင့်အထက်ရှိရပါမယ်။ VGA Card က 32Mရှိရမှာဖြစ်ပါတယ်။ USB Port ကလည်း 2.0  အပြည့်ထွက်တဲ့ Port  ဖြစ်ရပါမယ်။ Window XP, 7, Bista, စတဲ့ Window တွေမှာ အသုံးပြုနိုင်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ချင်တယ် ဆိုရင်တော့ F@X ကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆)တို့မှာUSB Hybrid DVB -T Stick က ကျပ် ၂၉၈ဝဝ ဝန်းကျင်နဲ့USB 2.0 DVB-T Stick က ကျပ် ၁၈၈ဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။