Main menu

Background

ဟေလိုဂျင်ဓာတ်ငွေ့သုံး လျှပ်စစ်မီးဖို Microcomputer Light Furnace

Mon, 06/13/2011 - 08:33 -- Anonymous (not verified)

ဟေလိုဂျင်ဓာတ်ငွေ့သုံး လျှပ်စစ်မီးဖို Microcomputer Light Furnace                မီးဖိုပေါ်က ရေဖြစ်စေ၊ ဟင်းအိုးဖြစ်စေ ဝေကျလံျှကျတဲ့အခါမှာ လျှပ်စစ်မီးဖိုတွေဟာ ဓာတ်လိုက်တတ်ပါတယ်။ အခု ဟေလိုဂျင်ဓာတ်ငွေ့သုံး လျှပ်စစ်မီးဖိုကတော့ မီးဖိုပေါ်ကို မည်သည့်အရာကျသည်ဖြစ်စေ မီးဖိုကို သော် လည်းကောင်း၊ မီးဖိုပေါ်က အိုးကိုသော်လည်းကောင်း ကိုင်မိပါက ဓာတ်မလိုက်နိုင်အောင် ပြုလုပ်ထားတဲ့ လျှပ်စစ်မီးဖိုပဲဖြစ်ပါတယ်။ ချက်ပြုတ် ကြော်လှော်ရုံသာမက အသားငါးတွေကိုပါ ကင်နိုင်တဲ့ မီးဖိုလည်းဖြစ်ပါတယ်။                မီးရဲ့အပူရှိန်ကို ဝပ် ၁ဝဝ မှ ၉ဝဝ အထိ အသုံးပြုနိုင်တဲ့အတွက် မိမိလိုအပ်သလောက်အပူရှိန်ကို ထိန်းညှိပြီး သုံးနိုင်ပါတယ်။ မည်သည့် အိုးမျိုး မဆို အသုံးပြုနိုင်တဲ့အတွက် အိမ်ရှင်မတွေ စိတ်ကြိုက်တွေ့နိုင်မယ့် မီးဖိုလေး ပဲဖြစ်ပါတယ်။ မီးဖိုရဲ့အပူကို အပြင်သို့ထွက်မလာအောင် မီးဖိုရဲ့အောက်ခြေမှာ အပူစုပ်ပန်ကာနှစ်လုံးကိုလည်း တပ်ဆင်ပေးထားတဲ့အတွက် ချက် ပြုတ်သူများအနေနဲ့ အပူဒဏ်ကို သက်သာစေမှာဖြစ်ပါတယ်။ အချိန်ထိန်း စနစ် ပါဝင်တဲ့အတွက် မိမိလိုအပ်တဲ့အချိန်ကို ချိန်ညှိနိုင်ပါတယ်။ အချိန်ထိန်း စနစ်အနေဖြင့် ၁၅ မိနစ်မှ ၁၂ဝ မိနစ်အထိ လိုအပ်သလို အသုံးပြုနိုင်ပါ တယ်။ တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်တာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ အိမ်ရှင်မများအတွက် လိုအပ်လို့ ဝယ်ချင်တယ်ဆိုရင်တော့ အနော်ရထာ လမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်း အီလက်ထရွန်နစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၂၂ဝဝဝ နဲ့ မေးမြန်းစုံစမ်း ဝယ်ယူရရှိနိုင် ပါတယ်။