Main menu

Background

ချစ်သူကိုပေးဖို့ လက်ဆောင်နာရီဆွဲကြိုး Romatic Chain Clock

Mon, 06/13/2011 - 09:10 -- Anonymous (not verified)

ချစ်သူကိုပေးဖို့ လက်ဆောင်နာရီဆွဲကြိုး Romatic Chain Clock                   တရုတ်နိုင်ငံက တင်သွင်းလာတဲ့ လက်ဆောင်နာရီဆွဲကြိုးလေးပါ။ ကြေး ဝါနဲ့ပြုလုပ်ထားပြီး ပုံစံခြောက်မျိုးပါရှိပါတယ်။ စက်ဘီးပုံ၊ ခြင်္သေ့ပုံ၊အသည်းပုံ၊ စက်ရုပ်ပုံ၊ ဂစ်တာပုံ၊ ရေနွေးကရားပုံ စသည်ဖြင့် ပုံစံခြောက်မျိုးရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဒါမှမဟုတ် ချစ်သူကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ် ယူပြီး လက်ဆောင်ပေးနိုင်ပါတယ်။ နာရီအဖုံးရဲ့တစ်ခြမ်းမှာ ဓာတ်ပုံထည့်လို့ ရတဲ့နေရာလေးတစ်ခုလည်း ပါဝင်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုရတဲ့ နာရီ လေးပဲဖြစ်ပါတယ်။ ချစ်သူကိုပဲဖြစ်ဖြစ် အမှတ်တရလေးပဲဖြစ်ဖြစ် လက်ဆောင် ပေးဖို့သင့်တော်တဲ့ ဆွဲကြိုးနာရီလေးပါပဲ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်းအီလက်ထရွန်နစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၄ဝဝဝ နဲ့ မေးမြန်းစုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။