ယခုနှစ် ဗီယက်နမ်ဆန်တင်ပို့မှု တန်ချိန် ၇ ဒသမ ၄ သန်းအထိ ရောက်ရှိနိုင်

ယခုနှစ် ဗီယက်နမ်ဆန်တင်ပို့မှု တန်ချိန် ၇ ဒသမ ၄ သန်းအထိ ရောက်ရှိနိုင်               ယခုနှစ် ဗီယက်နမ်နိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ တန်ချိန် ၇ ဒသမ ၁ သန်းမှ ၇ ဒသမ ၄ သန်းအထိ ရောက်ရှိနိုင် တယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာနမှ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ တောင်အမေရိက နိုင်ငံများဖြစ်တဲ့ အာဂျင်တီနားနဲ့ ဥရုဂွေးနိုင်ငံတို့မှာ ၂ဝ၁၁- ၁၂ ရာသီအတွင်း အထွက် ကျဆင်းနိုင်တဲ့ သတင်းများအရ အဲဒီလိုခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။               အာဂျင်တီးနားရဲ့ ဆန်ထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ ခုနှစ်က ထက် ၂ဝ ရာခိုင်နှုန်း လျော့ကျဖွယ်ရှိပြီး ဥရုဂွေးနိုင်ငံကတော့ ၆ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဆန်ထုတ် လုပ်မှုကို USDA  က ခန့်မှန်းရာမှာ ၂ဝ၁၁-၁၂ ခုနှစ်အတွင်း ၁ ရာခိုင်နှုန်းတိုးတက်ပြီး ဆန်တန်ချိန် ၄၅၇ ဒသမ ၉ သန်း ခန့် ထွက်ရှိနိုင်ပြီး စားသုံးမှုမှာ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၄၅၈ ဒသမ ၇ သန်းရှိမယ်လို့ ဆိုပါတယ်။ ယင်းကာလအတွင်း ကမ္ဘာ့နှစ်ကုန်ဆန် သိုလှောင်လက် ကျန်မှာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၉၆ ဒသမ ၂ သန်းအထိရှိမယ်လို့ ဆိုပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာအသင်းမှ ပြောကြားချက်အရ ယခုနှစ် အစပိုင်း ကစပြီး ဆန်တန်ချိန် ၃ ဒသမ ၃ သန်းခန့် တင်ပို့နိုင်ခဲ့လို့ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနီးပါး ဝင်ငွေရရှိတယ်လို့ သိရပါတယ်။ လမင်း၊ Source: Bernama.com