Main menu

Background

အိန္ဒိယ ပဲစင်းငုံဈေးနှုန်း တည်ငြိမ်လာ

Sun, 06/19/2011 - 05:26 -- Anonymous (not verified)

အိန္ဒိယ ပဲစင်းငုံဈေးနှုန်း တည်ငြိမ်လာ                  ယခင်သီတင်းပတ်က ဈေးလျော့ကျနေတဲ့ အိန္ဒိယပြည်တွင်းဈေးကွက် ပဲစင်းငုံ ဈေးနှုန်းဟာ ယခုသီတင်းပတ်မှာတော့ တည်ငြိမ်လာတာတွေ့ရပါတယ်။ ဈေးကွက်များအတွင်း လက်ကြီးလှောင်လက်သမားများက ရောင်းချမှုနည်းပြီး ဝယ်လိုအားပြန် တက်လာတာကြောင့် လက်ရှိဈေးနှုန်းမှာ ခိုင်မာနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ပဲစင်းငုံစိုက်ပျိုးတဲ့ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးဆက်လက်ရွာသွန်းနေခြင်းက စိုက်ပျိုးထားတဲ့ ပဲနဲ့ စိုက်ပျိုးဖို့ပြင်ဆင် နေတဲ့ မြေများအတွက် အခြေအနေ ကောင်းနေပါတယ်။ ဒါပေမဲ့ ပဲအသစ်များ ဈေးကွက်အတွင်းကို နောက် ၆ လခန့်မှ ဝင် ရောက်မှာ ဖြစ်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်                                                          ဒေါ်လာ/ တန်                         ၁၆-၆-၁၁      ၁၅-၆-၁၁        ၁၄-၆-၁၁                   ၁၃-၆-၁၁မွန်ဘိုင်း              ၆၆၈-၆၇၄      ၆၇၁-၆၈၃       ၆၆၅-၆၇ဝ                 ၆၅၇-၆၆၉ဒေလီ                  ၇၄၄-၇၄၆       ၇၄၈-၇၅ဝ       ၇၂၄-၇၂၆                ၇၂၂-၇၂၄ချန်နိုင်း                ၆၆၂                  ၆၆၆             ၆၆၅                   ၆၅၇-၆၆၃MIRT(MAPT)