အိန္ဒိယ PEC က ပဲမျိုးစုံ တန် ၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်အတွင်းမှာ ရောင်းချဖို့ ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်း တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါနောက်ဆုံးရက်မှာ ဇွန်လ ၂၂ ရက်ဖြစ်ပြီး စာချုပ်ဆုံးဖြတ်ချက်ကို အဲဒီနေ့မှာဘဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများကတော့ အမေရိကန်နဲ့ ကနေဒါ ၂ နိုင်ငံလုံးက၂ဝ၁၀ ထွက် ပဲရာဇာ(Green Lentils) တန် ၂ဝဝဝ စီနဲ့ မြန်မာနိုင်ငံက ၂ဝ၁၁ ရာသီထွက် ပဲစင်းငုံ (လီမွန်) တန် ၂ဝဝဝ တို့ဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းရမယ့် ပဲများကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ချန်နိုင်းဆိပ်ကမ်း ကို အရောက်ပို့ရမယ်လို့ သိရပါတယ်။ PEC ၊ MMTCနဲ့ အခြားနိုင်ငံပိုင် ကုန်သွယ်ရေးအေဂျင်စီဖြစ်တဲ့ STC တို့ဟာ ပြည်တွင်းရောင်းချမှု အဆင် ပြေစေဖို့ အစိုးရကိုယ်စား ပဲမျိုးစုံတင်သွင်းမှု ပြုလုပ်ပါတယ်။ ယမင်းခင် Source: PTI
Background