Main menu

Background

ပဲလွန်းဖြူနီ တင်ပို့မှု ယခင် သီတင်းပတ်ထက်အနည်းငယ်လျော့

Sun, 06/19/2011 - 05:36 -- Anonymous (not verified)

 ပဲလွန်းဖြူနီ တင်ပို့မှု ယခင် သီတင်းပတ်ထက်အနည်းငယ်လျော့                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနီတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၈ဝဝ ကျော်ရှိခဲ့ရာက ယခု သီတင်းပတ် (ဇွန်လ ၉-၁၄ ရက်) အတွင်းမှာတော့ ပဲလွန်းဖြူ ၄၆၅ တန်နဲ့ ပဲလွန်းနီ တန် ၂၅ ခန့်သာ ရှိတာတွေ့ရ ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ စင်ကာပူတို့ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ပြည်ပကို တင်ပို့ပြီး စီးမှုဟာ ပဲလွန်းဖြူ တန်ချိန် ၉၅ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၇၄ဝဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။ လာမယ့်သီတင်းပတ်တွေမှာ လည်း ပုံမှန်တင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT