Main menu

Background

ပဲတီစိမ်းသင်္ဘောတင်ပို့မှု တန် ၂၆ဝဝ ကျော်သာရှိ

Sun, 06/19/2011 - 05:42 -- Anonymous (not verified)

ပဲတီစိမ်းသင်္ဘောတင်ပို့မှု တန် ၂၆ဝဝ ကျော်သာရှိ                ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်မှာ တန် ၃ဝဝဝ အောက်လျော့သလို ယခုသီတင်းပတ် (ဇွန်လ ၉-၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၂၆ဝဝ ကျော်သာရှိလို့ တင်ပို့မှုကျဆင်းနေတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းတို့ဖြစ်ပြီး အိန္ဒိယကို ယခုတစ်ပတ်တင်ပို့မှုမရှိတာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့မှုဟာ တန်ချိန် ၇ သောင်းကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅ဝဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ပဲတီစိမ်း တင်ပို့မှု အားပျော့ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။   MIRT- MAPT