Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး (ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 06/19/2011 - 06:10 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှ ဒီဇယ်ဆီတန်ချိန် ငါးထောင်ကျော်ဝင်ခဲ့                   ဇွန်လ ပထမပတ်အတွင်း ဒီဇယ်ဆီပေပါ သုံးသောင်းကိုးထောင်ခြောက်ရာ့နှစ် ဆယ်၊ တန်ချိန်အားဖြင့် ငါးထောင့်နှစ်ရာရှစ်ဆယ်ကျော်ကို ပင်လယ်ရေကြောင်း ကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက ဓာတ်ဆီတင်သွင်းခဲ့ပေမဲ့ ယခုသီတင်းပတ်မှာ တင်သွင်းခြင်းမရှိခဲ့ပါဘူး။ အပတ်စဉ် ဒီဇယ်ဆီတင်သွင်းမှုမှာ ပျမ်းမျှ တန်ချိန်ငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်တန်ချိန်ကို ကြည့် ရင် ပုံမှန်တင်သွင်းနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ အသွင်းလျော့                   ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တာချီလိတ်နဲ့ ကော့သောင် နယ်စပ်များမှ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ အသွင်းရှိခဲ့ပါတယ်။ ဓာတ်ဆီတင်သွင်းမှုကို ကြည့်လျှင် တာချီလိတ်မှ ၇၂၈ဝ ဂါလန်နဲ့ ကော့သောင်းမှ ၅၂၃၆ ဂါလန်တင်သွင်းခဲ့ တာမို့ စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၄၈ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၅၁၆ ဂါလန် တင်သွင်းခဲ့ပါတယ်။                 ဒီဇယ်ဆီကိုတော့ တာချီလိတ်နယ်စပ်တစ်ခုတည်းကသာ အသွင်းရှိပြီး ကန် ဒေါ်လာ ဝ ဒသမ ၅၆၅ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ဂါလန် ၁၅၈ဝ၄၂ တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန် ၁၁၁ဝဝဝ ကျော်နဲ့ ဒီဇယ်ဆီ ၄၆၄၃ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT)  ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး               ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇွန် ၂ဝ၁၁          ဝယ်ဈေးဓာတ်ဆီ(ကျပ်)      ဝယ်ဈေးဒီဇယ်(ကျပ်)ရက်       ရန်ကုန်  မန္တလေး            ရန်ကုန်     မန္တလေး၁၃         ၄၃ဝဝ    ၄၅ဝဝ             ၃၅ဝဝ       ၄၄ဝဝ၁၄         ၄၁ဝဝ    ၄၃ဝဝ             ၃၅ဝဝ       ၄၄ဝဝ၁၅         ၄၁ဝဝ    ၄၃ဝဝ             ၃၅ဝဝ       ၄၄ဝဝ၁၆         ၄၁ဝဝ    ၄၃ဝဝ             ၃၆ဝဝ       ၄၄ဝဝ၁၇         ၄၁ဝဝ    ၄၅ဝဝ             ၃၇ဝဝ       ၄၂ဝဝ