ဓာတ်မြေသြဇာအဝင်များ ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန် ၅ ရက်မှ ၁၁ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၂၅၄ဝ ဒသမ ၃ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်သိန်း ငါးသောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ကောမတ်၊ ကွန်ပေါင်း၊ သြဂဲနစ်နဲ့ ဖော့စဖိတ် စတဲ့ အမျိုးအစား ဓာတ်မြေသြဇာတွေပဲဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ တွေက တရုတ်နိုင်ငံမှ တန်ချိန် ၁၂ဝဝ၊ ထိုင်းနိုင်ငံမှ ၂၄၈ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၁ဝ၉၂ ဒသမ ၃ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုက ၁၂၄၇ ဒသမ ၈ တန်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် တစ်ထောင့် နှစ်ရာကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)စိုက်ပျိုးချိန်ရောက်ပြီဖြစ်လို့ ဓာတ်မြေသြဇာတင်သွင်းမှု ပိုမိုလာ ဇွန် ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၂၆၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၅၅၂၇ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂ဝ၂ဝ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းမှုများကတော့ မူဆယ်မှ ၁၂၃၈၃ တန်၊ ကော့သောင်းမှ တန် ၂၉ဝဝ၊ မောင်တောမှ တန် ၉ဝ ခန့်၊ ရိဒ်မှ ၁၅၅ တန်ခန့် ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ စင်ဂဲလ်စူပါဖော့ စဖိတ်၊ ကွန်ပေါင်း၊ အမိုးနီးယမ်နိုက်တြိတ်နဲ့ နိုက်တြစ်ဖော့စဖိတ်တို့ ဖြစ်ပါတယ်။ ကော့သောင်းမှ ကွန်ပေါင်း၊ မောင်တောမှ ယူရီးယားနဲ့ ရိဒ်မှ ပိုတက်ရှ်တို့ ဖြစ် ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၉ဝဝဝ ၂၉၅ဝဝ ပိုတက်ရှ် (တရုတ်) ၂၃၅ဝဝ ၂၃ဝဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁ဝဝဝ ၂၁၈ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၁၄ဝဝ ၂၂၃ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၈ဝဝ ၂ဝ၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၅ဝဝ ၁ဝ၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၆၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၃ဝဝဝ ပိုတက်ရှ် (တရုတ်) ၂ဝဝဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၂၅ဝဝ ၁၂၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝMIRT (MAPT)
Background