ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် တစ်သောင်းနှစ်ထောင်နီးပါးဝင် ယခုသီတင်းပတ်ဖြစ်တဲ့ ဇွန်လ ၅ ရက်မှ ၁၁ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၁၉၄ဝ ဒသမ ၁ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဝ၈၉၉ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ အိန္ဒိယမှ ၂၅ ဒသမ ၁ တန်၊ မလေးရှားနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၄၇၆ တန်၊ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၆ဝ၉ တန်၊ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်အပါအဝင် အခြားတံဆိပ် ဘိလပ်မြေအမျိုးမျိုး တန်ချိန် ၁ဝ၈၃ဝ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ခြောက်ထောင့်ကိုးရာကျော်ရှိခဲ့တာကြောင့် ယခု သီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တစ်ဆကျော်ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ ရပါတယ်။ MIRT (DOT) မိုးတွင်းကာလဖြစ်၍ နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့ ယခုအပတ်မှာ တာချီလိတ်နယ်စပ်တစ်ခုတည်းကသာ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ ဘိလပ်မြေတန် ၉၆ဝ အသွင်းရှိပါတယ်။ ယခင်အပတ်က တာချီလိတ်မှ တန် ၁၁ဝဝကျော်နဲ့ မောင်တောမှ တန် ၇ဝ အသွင်းရှိခဲ့တာမို့ ယခု အပတ်မှာ တန် ၂၂ဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ မိုးတွင်းကာလဖြစ် တဲ့အတွက် သယ်ယူပို့ဆောင်ရာတွင် ခက်ခဲခြင်းကြောင့်နဲ့ ဆောက်လုပ်ရေးလုပ်ငန်း အချို့ နားသဖြင့် ဘိလပ်မြေအသွင်းလျော့ခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ၆၃ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၄ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(မြို့တော်) - ၅၈ဝဝ - ဘိလပ်မြေ(ကျားခေါင်း) ၆၁ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝ MIRT (MAPT)
Background