Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Sun, 06/19/2011 - 07:24 -- Anonymous (not verified)

နို့မှုန့်တစ်မျိုးတည်းသာ တင်သွင်းခဲ့               ဒီသီတင်းပတ်ဖြစ်တဲ့ ဇွန် ၅ ရက်မှ ၁၁ ရက်တာ ကာလအတွင်း နို့ဆီနဲ့ နို့စိမ်းတင်သွင်းခြင်း မရှိခဲ့ပါ။ ယခင် သီတင်းပတ်အဝင်အားကောင်းကောင်း နဲ့တင်သွင်းခဲ့ပြီး ဒီသီတင်းပတ်မှာ အဝင် မရှိခဲ့ပါဘူး။                  နို့မှုန့်က ဒီတစ်ပတ်မှာ တန်ချိန် ၇၅ ဒသမ ၈၃ တန် တင်သွင်းခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှ ၅ဝ ဒသမ ၄ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၈ တန်၊ အီရန်နိုင်ငံမှ ၆ ဒသမ ၅ တန်နဲ့ စင်ကာပူနိုင်ငံမှ သုည ဒသမ ၉၃ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက ၁၂ တန်ကျော် ရှိခဲ့တာ ကြောင့် ယခုသီတင်းပတ် နို့မှုန့်အဝင်နဲ့ ယှဉ်ရင် ၆ ဆကျော်လောက် ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့စိမ်းပဲ အသွင်းရှိ                  ယခုအပတ် ကော့သောင်းနယ်စပ် မှ နို့စိမ်းတစ်မျိုးသာ အသွင်းရှိပြီး ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ နို့စိမ်းသေတ္တာ ၄၅ဝဝ (၈၅ ဒသမ ၃၂) တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် သေတ္တာ ၁၅ဝဝ လျော့နည်း တင်သွင်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ နို့စိမ်း ပေါက်ဈေးက နို့စိမ်း ၁ သေတ္တာ ၆၄ဝ ဘတ်နဲ့ ကော့သောင်း ပေါက်ဈေး ၂၇၈၄ဝ ကျပ် ဖြစ်ပါတယ်။ယခုအပတ်နယ်စပ်မှ နို့ဆီနဲ့ နို့မှုန့် တင်သွင်းမှုမရှိဘူးလို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                 နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်  နို့ဆီလက်လီဈေး            ကျပ်/တစ်ဘူး                               ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )                   ၇၈ဝ       ၈ဝဝဒွန်း( နို့စိမ်း)                  ၇၃ဝ       ၇၅ဝFalcon နို့ဆီ                  ၆၅ဝ         -Happy Cow (အနီ)        ၆ဝဝ         -Happy Cow (အပြာ)      ၆၈ဝ          -အိုကေ( နို့ဆီ)                ၇ဝဝ        ၇ဝဝအိုကေ( နို့စိမ်း)              ၇ဝဝ         ၇ဝဝMIRT (DOT)