Main menu

Background

်ပဲပုပ်ဆီဈေး နဲ့ ကွာခြားမှုကြီးမားလာတာကြောင့် အဝယ်တက်ပြီး စားအုန်းဆီဈေးမြင့်တက်လာနိုင်

Sun, 06/19/2011 - 08:04 -- Anonymous (not verified)

်ပဲပုပ်ဆီဈေး နဲ့ ကွာခြားမှုကြီးမားလာတာကြောင့် အဝယ်တက်ပြီး စားအုန်းဆီဈေးမြင့်တက်လာနိုင်                   ၃ နှစ်နီးပါးအတွင်း ပဲပုပ်ဆီဈေး အမြင့်ဆုံးကို ရောက်ရှိလာလို့ စားအုန်းဆီနဲ့ ဈေးနှုန်းကွာခြားမှု ကြီးမားလာတာကြောင့် စားသောက်ကုန်တွေမှာ စားအုန်းဆီကို အသုံးများလာပြီး မကြာခင်က ဈေးနှုန်းကျဆင်း ခဲ့ရာမှ ယခုအခါ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လ ပို့ရမယ့် စာချုပ် ဈေးဟာ ဝ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၂၆၇ (ကန်ဒေါ်လာ ၁ဝ၇၈ )ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ဝရက်နေ့က ရင်းဂစ် ၃၂၃၉ (ကန်ဒေါ်လာ ၁ဝ၆၉) ဖြစ်ခဲ့လို့ မေလ ၁၂ ရက် နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့တာ ဖြစ်ပါတယ်။                     ဇွန်လ ၁ဝ ရက်နေ့မှာ ပဲပုပ်ဆီဈေးဟာ စားအုန်းဆီဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၂၁၄ ဒသမ ဝ၃ ပိုမိုမြင့်မားနေတာကြောင့် ၂ဝဝ၈ ခုနှစ် သြဂုတ်လ နောက်ပိုင်းဈေး ၂ ခုအကြား အမြင့်ဆုံး ကွာဟနေတယ်လို့ သိရပါတယ်။ အခုလို ဈေး ၂ ခုအကြား ကွာဟမှု ကြီးမားလာရခြင်းဟာ မကြာခင်က စားအုန်းဆီဈေး ကျဆင်း လာတာကြောင့်လည်း ဖြစ်တယ်လို့ RHR  သုတေသန တက္ကသိုလ်မှ လေ့လာဆန်းစစ်သူ Hoe Lee Long မှပြောကြားပါတယ်။ ပဲပုပ်ဆီဈေး၊ မုန်ညှင်းဆီ ဈေးများပိုမိုမြင့်မားနေခြင်းက စားအုန်းဆီကို ပိုမိုဝယ်ယူ လာလိမ့်မယ်လို့လည်း ၎င်းကထပ်လောင်းပြောကြားပါတယ်။                 စားအုန်းဆီဟာ မုန်ညှင်းဆီဈေးထက် လွန်ခဲ့တဲ့လက တစ်တန် ကန်ဒေါ်လာ ၂၈၂ လျော့ခဲ့ပေမဲ့ ယခုအခါ ကန်ဒေါ်လာ ၃၃၃ ထိ ပိုမိုလျော့ကျကွာခြားလာတယ် လို့ သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ ဇွန်လပထမ ၁၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှု ဟာ မေလ ကာလတူထက် ၂၅ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၆၇၁၃၁၄ တင်ပို့ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek  မှ ပြောကြားပါတယ်။ မေလ စားအုန်းဆီထွက်ရှိမှုက ဧပြီလထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၇၄ သန်းရှိခဲ့လို့ ၁၉ လအတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့က ဇွန်လ ၁ဝ ရက်နေ့က ပြောကြားပါတယ်။ ချီကာကိုမှာ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ဈေးဟာ ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၆၈၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၆) ဖြစ်ပြီး ဒီဇင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၈ ဒသမ ၃၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၂၈၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ပို့ရမယ့် စားအုန်းဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ယွမ် ၉၂၂၆ (ကန်ဒေါ်လာ ၁၄၂၄) ရှိပြီး ဇန်နဝါရီပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ယွမ် ၁ဝ၂၇၂ (ကန်ဒေါ်လာ ၁၅၈၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: bloomberg .net