နေရောင်ခြည်စွမ်းအင်ကို သိုလှောင်ပြီး အသုံးပြုလို့ရတ့ ဲ SOLAR CHARGER & FLASH LIGHT နေရောင်ခြည်ကို သိုလှောင်ပြီး မိမိလိုအပ်ရာကို အသုံးပြုလို့ရတဲ့ Solar Charger & Flash Light လေးပဲ ဖြစ်ပါတယ်။ ဖုန်း၊Mp3, Mp4, Digital Camera & Other Digital Product များကိုပါ အသုံးပြုလို့ရတဲ့ နေစွမ်းအင်သုံး ဘက်ထရီအားသွင်းစက်လေးပဲ ဖြစ်ပါတယ်။ နေရာမရွေး သယ်ယူသွားနိုင်ပြီး အချိန် မရွေး သုံးစွဲနိုင်ပါတယ်။ ခရီးသွားတဲ့အခါမှာလည်း ဓာတ်မီးအနေနဲ့ အသုံးပြုနိုင် ပါတယ်။ အားအပြည့်သွင်းထားပါက နာရီ ၃ဝ အထိ အသုံးပြုနိုင်ပါတယ်။ နေရောင်ခြည်နဲ့ အားသွင်းမယ်ဆိုရင် ၁ဝ နာရီအားသွင်းတာနဲ့ အပြည့်အဝ သုံးစွဲခွင့် ရရှိမှာဖြစ်ပါတယ်။ အိမ်မီးနဲ့လည်း အားသွင်းလို့ရပါတယ်။ အိမ်မီးနဲ့ အားသွင်းမယ် ဆိုရင် နှစ်နာရီသာ အားသွင်းရပါတယ်။ မိမိအသုံးပြုမယ့်ပစ္စည်းကိုလိုက်ပြီး Output ကို ချိန်လို့ရပါတယ်။ 4.5V, 5.5V, 9V စသည်ဖြင့်ချိန်ပြီး အသုံးပြုနိုင်ပါတယ်။LED မီးသီးကို အသုံးပြုထားတဲ့အတွက် အလင်းရောင်လုံလောက်စွာရရှိနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့ လိုအပ်တယ်ဆိုရင်တော့ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဲဗား ဖိုင်း အီလက်ထရွန်းနစ်စတိုး၊ ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၁၄ဝဝဝ နဲ့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။
Background