Main menu

Background

အချိန်တိုအတွင်း ဆင်းဒဝစ်ချ် စားချင်သူများအတွက် Moon SW - 51 Sandwich Maker

Sun, 06/19/2011 - 08:38 -- Anonymous (not verified)

အချိန်တိုအတွင်း ဆင်းဒဝစ်ချ် စားချင်သူများအတွက် Moon SW - 51 Sandwich Maker                 အိမ်ရှင်မများအတွက် မိမိ၏နေအိမ်မှာပင် ဆင်းစဝစ်ချ်ကို လုပ်စားလိုသူများ အဆင်ပြေစေမယ့် Sandwich Maker လေးပဲဖြစ်ပါတယ်။ အိမ်မီးနဲ့ တိုက်ရိုက်အသုံးပြုလို့ရတဲ့အတွက် သုံးစွဲရလွယ်ကူစေမှာဖြစ်ပါတယ်။ Sandwich  လေးခုကို တစ်ပြိုင်တည်း ပြုလုပ်လို့ရတဲ့အတွက် မိသားစု များတဲ့သူတွေအတွက် အချိန်တိုအတွင်းမှာ ဆင်းဒဝစ်ချ်ကို များများပြုလုပ်နိုင် မှာဖြစ်ပါတယ်။ ပြုလုပ်လိုက်တဲ့မုန့်တွေကို မတူးစေ မကပ်စေဖို့အတွက် Non- Sticker  ပါဝင်ပါတယ်။ မုန့်စတင်ပြုလုပ်ချိန်မှာ မီးနီနဲ့အချက်ပြပေးမှာဖြစ်ပါတယ်။ မုန့်တစ်ကြိမ်ပြုလုပ်လျှင် နှစ်မိနစ်မှ သုံးမိနစ်သာ ကြာမြင့်တဲ့အတွက် အချိန်ကုန်လည်း သက်သာစေပါတယ်။                စတီးနဲ့ပြုလုပ်ထားတဲ့အတွက် ရေရှည်အသုံးပြုနိုင်ပြီး သေးငယ်ပေါ့ပါးတဲ့ အတွက် သွားလေရာကို အလွယ်တကူ သယ်ယူသွားနိုင်ပါတယ်။ စိတ်ဝင်စား တဲ့ အိမ်ရှင်မတွေအတွက် လိုအပ်လို့ဝယ်ယူချင်တယ်ဆိုရင်တော့ အနော်ရထာ လမ်းမပေါ်မှာရှိတဲ့ အဲဗားဖိုင်းအီလက်ထရွန်းနစ်စတိုး ဖုန်း-၃၈၃၄၆၆၊ ၃၈၇၆၄ဝ မှာ တစ်လုံးကို ကျပ် ၁၅ဝဝဝ နဲ့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။