Main menu

Background

သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုလို့ရတဲ့ Robot Kits

Sun, 06/19/2011 - 08:43 -- Anonymous (not verified)

သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုလို့ရတဲ့ Robot Kits                 စာသင်ခန်းတွေမှာ ဆိုလာသင်ခန်းစာတွေနဲ့ပတ်သက်ပြီး သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုလို့ရတဲ့ နေရောင်ခြည်စွမ်းအင်သုံး စက်ရုပ်လေးပါ။ အဲဒီစက်ရုပ်ဟာ Transformer  ရုပ်ရှင်ဇာတ်လမ်းထဲက စက်ရုပ်လိုပုံစံမျိုး အသွင်သဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ နေရောင်ခြည် ဒါမှမဟုတ် အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးမယ့် Photovoltaic Cell  တွေ တပ်ဆင်ထားတာကြောင့် ဓာတ်ခဲထည့်စရာမလိုဘဲ လှုပ်ရှားနိုင်ပါတယ်။ စက်ရုပ်(Robot)၊ တင့်ကား(Tank)၊ နဲ့ ကင်းမြီးကောက်(Scorpion) ဆိုပြီး ပုံစံသုံးမျိုးပြောင်းနိုင်ပါတယ်။Robot  ပုံစံအနေအထားမှာ လူတူစက်ရုပ်တစ်ခုလို လမ်းလျှောက်သွားလာနိုင်ပါတယ်။ စက်ရဲ့အစိတ်အပိုင်းတွေကို မိမိကိုယ်တိုင် တည်ဆောက်တပ်ဆင်ရတာ(Do it Yourself)ဖြစ်တဲ့အတွက် စက်ပစ္စည်းအစိတ်အပိုင်း တွေရဲ့ဆက်စပ်မှုတွေကို သိမြင်ခံစားစေတာကြောင့် စိတ်အပန်းဖြေမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကလေးတွေအတွက်လည်း စာသင်ခန်းအတွင်းမှာ ဗဟုသုတရစေနိုင်မယ့် နည်းပညာဆိုင်ရာ သင်ထောက်ကူပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ဆိုလာနည်းပညာကို စိတ်ဝင်စားသူတွေအတွက် လိုအပ်တယ်ဆိုရင်တော့ F@X ကွန်ပျူတာအရောင်းဆိုင်၊ ဆိပ်ကမ်းသာလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၃၈ဝ၉၈၈၊ ၇၃ဝ၁၃၈၃၆ နဲ့ မန္တလေးမြို့၊ ရတနာလမ်း၊ ၃၂x၃၃ လမ်း၊ ၇၇x၇၈ လမ်း၊ ဖုန်း- ဝ၂-၆၉၃၈၉၊ ဝ၉-၉၁ဝ၃၉၂ဝ၆ တို့မှာ တစ်ခုကို ကျပ် ၄ဝဝဝ ဝန်းကျင်နဲ့ စုံစမ်းဝယ်ယူရရှိနိုင်ပါတယ်။